Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ခေါ်ယူသည့် တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်

August, 26 2020

အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ခေါ်ယူသည့် တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ မျိုးစေ့ဘဏ် (Seed Bank) ၏ အပင်ဗီဇ အရင်းအမြစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်မှတ်တမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့ရာ၊ တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်းကို နဝရတ် အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဆည်မြောင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့နှင့်အတူ သုတေသနပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် သက်ဆိုင်ရာ တင်ဒါအဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီ (၅) ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က တင်ဒါလုပ်ထုံး လုပ်နည်းများ၊ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မျိုးစေ့ဘဏ်၏ အပင်ဗီဇ အရင်းအမြစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်မှတ်တမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများအား တင်ဒါလျှောက်လွှာတင်သွင်းသည့် ကုမဏီ (၅) ခုဖြစ်သော Linn IT Solution၊ TPT IT၊ IT Spectrum၊ Flux Infinity နှင့် Net Logistics တို့မှ တင်သွင်းသည့် တင်ဒါလျှောက်လွှာ စာအိတ် (A) နှင့် စာအိတ် (B) တို့အား ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးခဲ့ပါသည်။

အဆိုပါ တင်ဒါခေါ်ယူသည့် ပစ္စည်းများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်အတွက် နော်ဝေးနိုင်ငံ အစိုးရ၏ Global Crop Diversity Trust (GCDT) အဖွဲ့အစည်းအထောက်အပံ့ဖြင့် ဆောင်ရွက်မည့် Upgrading Database System on Seed Bank Management အစီအစဉ်အရ ဝယ်ယူခြင်းဖြစ်ပြီး၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများအား တင်ဒါလျှောက်လွှာများ စနစ်တကျ ဖြည့်စွတ်မှု၊ ကုမ္ပဏီ၏ ပုံရိပ်နှင့် မှတ်ပုံတင်ထားရှိမှု၊ တင်ဒါစပေါ်ငွေ ပေးခြေမှု၊ ပစ္စည်းတင်သွင်းသည့် အတွေ့အကြုံရှိမှု၊ တင်သွင်းပစ္စည်းများ၏ အရည်အသွေးနှင့် အာမခံမှု၊ အခွန်ပေးဆောင်မှုနှင့် ဈေးနှုန်းအဆိုပြုလွှာ ချိတ်ပိတ်ပါရှိမှုအစရှိသော အချက်များဖြင့် စနစ်တကျ စိစစ်ခြင်းဖြစ်ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ခေါ်ယူသည့် တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ခေါ်ယူသည့် တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ခေါ်ယူသည့် တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ခေါ်ယူသည့် တင်ဒါအဆိုပြုလွှာများ ဖွင့်ဖောက်စစ်ဆေးခြင်