Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်ခြင်းသုတေသန [တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ]

July, 28 2020

အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်ခြင်းသုတေသန [တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ]

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သီးနှံသုတေန၊ နည်းပညာသုတေသနနှင့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဆင်းသုတေသန (ရုံးချုပ်) ရှိ သီးနှံအလိုက် သုတေသနစိုက်ကွင်းများတွင်သာမက လက်အောက်ခံ သီးနှံဗဟိုသုတေသနခြံနှင့် ဒေသသုတေသနခြံများ၌ပါ တောင်သူလယ်သမားအကျိုးပြု သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။ ယင်းကဲ့သို့ သုတေသန ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဗဟိုဌာန (ACIAR) ၏ စီမံကိန်းအရ အဝါရောင်မိုစေ့ ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်ခြင်းသုတေသနကို တတိယအကြိမ်အနေဖြင့် သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ အဝါရောင်မို့စေ့ရောဂါဒဏ် ခံနိုင်ရည်ရှိသော ပဲတီစိမ်းမျိုးများ အထွက်ယှဉ်ပြိုင်ခြင်း သုတေသနတွင် အသုံးပြုသည့်မျိုးများသည် အပြည်ပြည်ဆိုင်ရာ ပဲတီစိမ်း ဖွံ့ဖြိုးတိုးတက်မှုကွန်ရက် (IMIN) မှ ရရှိသော ပဲတီစိမ်းမျိုးများအသုံးပြု၍ စိုက်ပျိုးထားခြင်းဖြစ်ပြီး၊ သုတေသန စတင်ဆောင်ရွက်ခဲ့စဉ်က မျိုးပေါင်း (၂၀၀) အသုံးပြု စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပါသည်။ အကြိမ်ကြိမ်သုတေသနပြုပြီးနောက် ဒေသနှင့်ကိုက်ညီ၍ အဝါရောင်မိုစေ့ရာဂါဒဏ်ခံနိုင်ရည်ရှိကာ အထွက်နှုန်းကောင်းသည့် ပဲတီစိမ်းမျိုးများကို အဆင့်ဆင့်ရွေးချယ်ခဲ့ရာ၊ တတိယအကြိမ် သုတေသနစမ်းသပ်ကွက်တွင် မျိုး (၆) မျိုးကိုရွေးချယ်၍ စမ်းသပ်သုတေသနပြုထားခြင်း ဖြစ်ပါသည်။ အဆိုပါ မျိုး (၆) မျိုးမှာ VI-002487.AG၊ VI-004737.AG၊ VI-004931.AG၊ VI-004933.AG၊ VI-004934.AG နှင့် VI-004969.AG၊ တို့ဖြစ်ပြီး၊ စံထားမျိုးများဖြစ်သာ ရေဆင်း- ၁၁ နှင့် ရေဆင်း- ၁၄ ကို အသုံးပြု၍ (၈× ၃) အာစီဘီဖြင့် စမ်းသပ်သုတေသနပြု စိုက်ပျိုးထားလျက်ရှိရာ၊ မကြာမီအချိန်အတွင်း ဒေသ၊ ရေ၊ မြေ၊ ရာသီနှင့် ကိုက်ညီမှုရှိကာ အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်း ပဲတီစိမ်းမျိုးသစ်များ ရရှိလာတော့မည် ဖြစ်ပါသည်။

တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံအနေဖြင့် ဒေသနှင့် ကိုက်ညီသော အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် သီးနှံမျိုးကောင်း၊ မျိုးသစ်များ စမ်းသပ်ဖော်ထုတ်ခြင်း၊ သဘာဝ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး၊ သီးနှံအလိုက် အကျိုးအမြတ်အများဆုံးရရှိသည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံပုံစံများဖော်ထုတ်ခြင်း၊ နယ်မြေဒေသရှိ စိုက်ပျိုးရေးသီးနှံဆိုင်ရာ
ပြဿနာများ သုတေသနပြုဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားများအတွက် အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် စိုက်ပျိုးထုတ်လုပ်သူ၊ တောင်သူလယ်သမားများအား သုတေသနပြုရရှိလာသည့် သီးနှံမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များ လက်တွေ့ပညာပေး ဆောင်ရွက်ခြင်း အစရှိသော ရည်ရွယ်ချက်များဖြင့် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

Credit: Eiei Cho ၊ တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ

အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်ခြင်းသုတေသန [တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ]အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်ခြင်းသုတေသန [တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ]အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်ခြင်းသုတေသန [တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ]အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ရည်ရှိသော အထွက်ကောင်းပဲတီစိမ်းမျိုးများ၏ အဆင့်မြင့် အထွက်ယှဉ်ပြိုင်ခြင်းသုတေသန [တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ]