Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

အပူပိုင်း‌ဒေသသီးနှံဗဟိုသုတေသနခြံ- ညောင်ဦး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း [ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံ]

July, 31 2020

အပူပိုင်း‌ဒေသသီးနှံဗဟိုသုတေသနခြံ- ညောင်ဦး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း [ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံ]

ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် စိုက်ပျိုးသည့် သီးနှံများအား အဓိကထား၍ သုတေသနပြု ဆောင်ရွက်လျက်ရှိသော အပူပိုင်းဒေသသီးနှံဗဟိုသုတေသနခြံဖြစ်သောကြောင့် ၂၀၁၉- ၂၀၂၀ ခုနှစ်အတွင်း သုတေသနဆောင်ရွက်ထားရှိမှု အခြေအနေများကို လက်တွေ့သိရှိနိုင်ရန်အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၊ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးစဉ်အတွင်း ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဒေါ်မာမာချိုနှင့် သုတေသနပညာရှင်များက အပူပိုင်းဒေသနှင့် လိုက်လျောညီထွေသည့် မြေပဲနှင့် ပဲစင်းငုံသီးနှံမျိုးများ၏ အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှု၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အလားအလာကောင်း သီးနှံဖြစ်သည့် ပီလောပီနှံသီးနှံ သုတေသနများ ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံရှင်းလင်းပြသရာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက သုတေသနများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်၍ သိပ္ပံနည်းကျစွာဖြင့် ဆောင်ရွက်ရန်၊ သုတေသနမှတ်တမ်းများအား စနစ်တကျ ကောက်ယူတွက်ချက်ရန်နှင့် ခေတ်မီနည်းပညာများအသုံးပြု၍ သုတေသန မှတ်တမ်းဒေတာများ ကောက်ယူသည့် နည်းလမ်းများကို လိုက်နာကျင့်သုံးရေးများ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထိုနောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ဦး စိုက်ပျိုးရေးသုတေသနခြံ၏ ဝန်ထမ်းရုံးခန်း၌ သုတေသနပညာရှင်များ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ ဝန်ထမ်းများ၏ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့များပေးနိုင်ရေးနှင့် သုတေသနလုပ်ငန်းများတွင် တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လာနိုင်ရေးအတွက် တောင်သူအခြေပြု သုတေသနစခန်းထူထောင်ရန် အလေးထားဆောင်ရွက်ရေးတို့အား တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

အပူပိုင်း‌ဒေသသီးနှံဗဟိုသုတေသနခြံ- ညောင်ဦး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း [ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံ]အပူပိုင်း‌ဒေသသီးနှံဗဟိုသုတေသနခြံ- ညောင်ဦး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း [ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံ]အပူပိုင်း‌ဒေသသီးနှံဗဟိုသုတေသနခြံ- ညောင်ဦး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း [ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံ]အပူပိုင်း‌ဒေသသီးနှံဗဟိုသုတေသနခြံ- ညောင်ဦး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း [ညောင်ဦးစိုက်ပျိုးရေးသုတေသနခြံ]