Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

အပင်အရင်းအမြစ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှာဖွေကြည့်ရှု့နိုင်သည့်ဝက်ဘ်ဆိုဒ် (www.genesys-pgr.org) မိတ်ဆက်ခြင်းအခမ်းအနား

August, 26 2020

အပင်အရင်းအမြစ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှာဖွေကြည့်ရှု့နိုင်သည့်ဝက်ဘ်ဆိုဒ် (www.genesys-pgr.org) မိတ်ဆက်ခြင်းအခမ်းအနား

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်သုတေသနဌာနစုရှိ မျိုးစေ့ဘဏ် (Seed Bank) တွင် သိုလှောင်ထိန်းသိမ်းထားသော သီးနှံမျိုးဗီဇကွဲများအား အကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ အပင်ဗီဇအရင်းအမြစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေကြည့်ရှု့နိုင်သည့် အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်များကွန်ရက် (www.genesys-pgr.org) မိတ်ဆက်ခြင်း အခမ်းအနားကို နဝရတ်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်နေ့၊ နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ သုတေသနပညာရှင်များ တက်ရောက်ခဲ့ကြပြီး၊ ညွှန်ကြားရေးမှူးချုပ်က မျိုးစေ့ဘဏ်သည် အမျိုးသားမျိုးစေ့ဘဏ်တစ်ခုဖြစ်ခြင်းကြောင့် ထိန်းသိမ်းထားသည့် မျိုးဗီဇကွဲများကို အကျိုးရှိစွာအသုံးပြုခြင်းဖြင့် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေသည့် မျိုးကောင်းမျိုးသစ်များ ထုတ်လုပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နည်းပညာ (IT) တိုးတက်လာသည်နှင့်အမျှ အင်တာနက်ကို အကျိုးရှိစွာအသုံးပြု၍ ယနေ့မိတ်ဆက်ပေးသည့် ဝက်ဘ်ဆိုဒ်မှတဆင့် မျိုးစေ့ဘဏ်တွင် ထိန်းသိမ်းထားသည့် မျိုးများ၏ သတင်းအချက်အလက်များကို မိုဘိုင်းဖုန်းများ၊ Laptop များနှင့် ကွန်ပြူတာများဖြင့် ကမ္ဘာအနှံမှ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သောကြောင့် သတင်းအချက်အလက်များကို အများပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာမှ သီးနှံဗီဇမျိုးကွဲများကိုလည်း သုတေသနပညာရှင်များက ကြည်ရှု့လေ့လာနိုင်ပြီး၊ နိုင်ငံ၏ မျိုးသစ်ထုတ်လုပ်မည့် လုပ်ငန်းများတွင် အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မျိုးစေ့ဘဏ်သုတေသနဌာနစု တာဝန်ခံ သုတေသနမှူး ဒေါက်တာမင်းစံသိန်းက မျိုးစေ့ဘဏ်မှ သုတေသနပညာရှင်များသည် သီးနှံမျိုးဗီဇအရင်းအမြစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဝေခြင်း၊ ဖလှယ်ခြင်း၊ ထုတ်လွှင့်ခြင်းနှင့် အစီရင်ခံစာများ ပေးပို့ခြင်းများကို ကမ္ဘာလုံးဆိုင်ရာအစီအစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးဗီဇတို့နှင့်ပတ်သက်သော သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက်များကွန်ရက် (www.genesys-pgr.org) တွင် ၂၀၂၀ခုနှစ်၊ မေလ (၂၈) ရက်နေ့မှစတင်၍ ပါဝင်ခွင့်ရခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်သုတေသနအရာရှိ ဒေါ်ဥမ္မာအောင်က အပင်အရင်းအမြစ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှာဖွေကြည့်ရှု့နိုင်သည့်ဝက်ဘ်ဆိုဒ် (www.genesys-pgr.org) အသုံးပြုသည့် နည်းလမ်းများအား Power Point နှင့်လည်းကောင်း၊ ဝက်ဘ်ဆိုဒ်တွင် လက်တွေ့အသုံးပြုနည်းအား အင်တာနက်ဖြင့်တိုက်ရိုက်ချိတ်ဆက်၍လည်းကောင်း အသေးစိတ် တင်ပြဆွေးနွေးခဲကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

အပင်အရင်းအမြစ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှာဖွေကြည့်ရှု့နိုင်သည့်ဝက်ဘ်ဆိုဒ် (www.genesys-pgr.org) မိတ်ဆက်ခြင်းအခမ်းအနားအပင်အရင်းအမြစ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှာဖွေကြည့်ရှု့နိုင်သည့်ဝက်ဘ်ဆိုဒ် (www.genesys-pgr.org) မိတ်ဆက်ခြင်းအခမ်းအနားအပင်အရင်းအမြစ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှာဖွေကြည့်ရှု့နိုင်သည့်ဝက်ဘ်ဆိုဒ် (www.genesys-pgr.org) မိတ်ဆက်ခြင်းအခမ်းအနားအပင်အရင်းအမြစ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှာဖွေကြည့်ရှု့နိုင်သည့်ဝက်ဘ်ဆိုဒ် (www.genesys-pgr.org) မိတ်ဆက်ခြင်းအခမ်းအနား