Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

အပင်မျိုးသစ်များ၏ ထူးခြားမှု၊ ညီညာမှုနှင့် တည်ငြိမ်မှုတို့အား စမ်းသပ်စစ်ဆေးခြင်းသုတေသန (DUS Test Research)

April, 10 2020

အပင်မျိုးသစ်များ၏ ထူးခြားမှု၊ ညီညာမှုနှင့် တည်ငြိမ်မှုတို့အား စမ်းသပ်စစ်ဆေးခြင်းသုတေသန (DUS Test Research)

အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၂၉ ဖြင့် အတည်ပြု ပြဌာန်းပြီးဖြစ်ရာ၊ အပင်မျိုးမွေးမြူသူများက အပင်မျိုးသစ်အဖြစ် ကာကွယ်ခွင့် ရယူမည်ဆိုပါက လျှောက်ထားသည့် အပင်မျိုးသစ်သည် ဥပဒေပါ သတ်မှတ်ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို စိုက်ပျိုးစစ်ဆေးခြင်း၊ မှတ်တမ်းအချက်အလက်များကို စစ်ဆေးခြင်း၊ အပင်မျိုးမွေးမြူသူ၏ စိုက်ကွင်းသို့ သွားရောက်စစ်ဆေးခြင်းနှင့် စစ်ဆေးပြီး ရလဒ်အဖြေများကို ဝယ်ယူစစ်ဆေးခြင်းဟူသော နည်းလမ်း (၄) သွယ်အနက်မှ သင့်တော်သည့် နည်းလမ်းအား အသုံးပြု၍ သုတေသနပြု စစ်ဆေးပေးခြင်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်မျိုးသစ် အကာအကွယ်ပေးရေးဌာနစု တာဝန်ခံ ဒေါက်တာပပဝင်းနှင့် သုတေသနပညာရှင်များက သုတေသနပြု စစ်ဆေးပေးလျက်ရှိပါသည်။

အပင်မျိုးသစ် အကာအကွယ်ပေးရေးဌာနစု၏ ကွင်းသုတေသနစမ်းသပ်ကွက်တွင် အပင်မျိုးသစ်အဖြစ် လျှောက်ထားလာသည့် စပါးမျိုးသစ် (၃) မျိုးဖြစ်သော De You- 8၊ De You- 12 နှင့် De You- 16 တို့၏ ထူးခြားမှု၊ ညီညာမှု၊ တည်ငြိမ်မှုတို့အား စမ်းသပ်စစ်ဆေးသည့် (DUS Test) စမ်းသပ်ကွက်ကို သုတေသနပြု ဆောင်ရွက်ထားရှိပါသည်။ အဆိုပါ အပင်မျိုးသစ်အဖြစ် လျှောက်ထားလာသည့် စပါးမျိုး (၃) မျိုးကို အကိုးအကားပြုမျိုး (Reference Varieties) (၂၂) မျိုးနှင့်နှိုင်းယှဉ်၍ ထပ်ပြုကြိမ် (၂) ကြိမ်ဖြင့် သုတေသနပြု စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး၊ မှတ်တမ်းအချက်အလက် (၆၅) ခုကို အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ်အကာအကွယ်ပေးရေးအဖွဲ့ (UPOV) မှ ပြုစုထားသည့် စံချိန်စံညွှန်း သတ်မှတ်ပြဌာန်းချက်များ (Test Guidelines) နှင့်အညီ ကောက်ယူ၍ တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

အပင်မျိုးသစ် အကာအကွယ်ပေးရေးစနစ် ကျင့်သုံးခြင်းဖြင့် အပင်မျိုးမွေးမြူသူများအနေဖြင့် အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေး (Plant Breeder's Right, PBR) ရရှိခံစားနိုင်ခြင်းနှင့် အပင်မျိုးသစ်များကို ပိုမိုမွေးမြူထုတ်လုပ်ခြင်း၊ အပင်မျိုးမွေးမြူခြင်း လုပ်ငန်းတွင် ပြည်တွင်း/ ပြည်ပမှ ပိုမိုရင်းနှီးမြှုပ်နှံလာခြင်းဖြင့် တောင်သူများ မျိုးသစ်၊ မျိုးဆန်း၊ မျိုးကောင်း၊ မျိုးသန့်များ ရရှိစိုက်ပျိုးလာမည် ဖြစ်သောကြောင့် နိုင်ငံတော်၏ စိုက်ပျိုးစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ပါသည်။ ယခုလက်ရှိတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်မျိုးသစ် အကာအကွယ်ပေးရေးဌာနစုသို့ စပါးအပါအဝင် သီးနှံအမျိုးမျိုး၏ အပင်မျိုးသစ် (၁၇) မျိုးကို အပင်မျိုးသစ်ကာကွယ်ခွင့် လျှောက်ထားပြီးဖြစ်ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

အပင်မျိုးသစ်များ၏ ထူးခြားမှု၊ ညီညာမှုနှင့် တည်ငြိမ်မှုတို့အား စမ်းသပ်စစ်ဆေးခြင်းသုတေသန (DUS Test Research)အပင်မျိုးသစ်များ၏ ထူးခြားမှု၊ ညီညာမှုနှင့် တည်ငြိမ်မှုတို့အား စမ်းသပ်စစ်ဆေးခြင်းသုတေသန (DUS Test Research)အပင်မျိုးသစ်များ၏ ထူးခြားမှု၊ ညီညာမှုနှင့် တည်ငြိမ်မှုတို့အား စမ်းသပ်စစ်ဆေးခြင်းသုတေသန (DUS Test Research)အပင်မျိုးသစ်များ၏ ထူးခြားမှု၊ ညီညာမှုနှင့် တည်ငြိမ်မှုတို့အား စမ်းသပ်စစ်ဆေးခြင်းသုတေသန (DUS Test Research)