Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

အစားအစာဆိုင်ရာ သုတေသနများ (Food Research) ဆောင်ရွက်လျက်ရှိခြင်း

May, 18 2020

အစားအစာဆိုင်ရာ သုတေသနများ (Food Research) ဆောင်ရွက်လျက်ရှိခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိ စပါးဇီဝဥယျာဉ်သုတေသနဌာနစု၌ စပါးအခြေခံ မုန့်ပြုလုပ်နည်း၊ အာဟာရပြည့်ဝသော အမယ်သစ်မုန့်ပြုလုပ်နည်းများကို သုတေသနပြု ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။ ၎င်းတို့အပြင် စပါးကိုအသုံးပြု၍ အာဟာရတန်ဖိုးမြှင့်သော ဆန်မုန်ဆမ်း၊ ဆန်ပေါက်ပေါက်နှင့် ဆန်မရွေးတို့နှင့် ဆန်နှင့် တာရှည်ခံ ဖွဲနုကိုအသုံးပြု၍ ဆန်ကွတ်ကီး၊ ဆန်ပေါင်မုန့် နှင့် ဆန်ကိတ်မုန့်တို့ကို မူလမုန့်များနှင့် မတူသော အရသာရှိသည့် မုန့်များပြုလုပ်နည်းတို့ကို ရှာဖွေဖော်ထုတ်ခြင်းမှ စီးပွါးဖြစ် တစ်နိုင်တစ်ပိုင် ထုတ်လုပ်လိုသော လုပ်ငန်းရှင်များသို့ နည်းပညာများ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိသော အစားအစာဆိုင်ရာ သုတေသနများ (Food Research) ကို ယခု ထက်ပိုမိုကောင်းမွန်ထူးခြားသော မုန့်လုပ်နည်းများ ဖော်ထုတ်နိုင်ရေး၊ ဖော်ထုတ်ရရှိလာသော မုန့်များအတွက် အာဟာရတန်ဖိုး ဖော်ပြနိုင်ရေး၊ ဘေးကင်းလုံခြုံစိတ်ချရေး၊ ထုတ်ပိုးမှုအသစ်များကို တီထွင်ကြံဆ လုပ်ဆောင်သွားရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် စီမံချက်ချလျက်ရှိပြီး၊ အဆိုပါ အစားအစာဆိုင်ရာ သုတေသနများ (Food Research) ကို စပါးဇီဝဥယျာဉ်သုတေသနဌာနစု တာဝန်ခံ ဒေါက်တာဥမ္မာခင် ဦးဆောင်သော သုတေသနပညာရှင်များက ရှာဖွေဖော်ထုတ်လျက် ရှိပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သီးနှံသုတေသနဆိုင်ရာလုပ်ငန်း အများစု ဆောင်ရွက်လျက်ရှိရာ၊ အစားအစာဆိုင်ရာ သုတေသနများကို တိုးချဲ့ဆောင်ရွက်လာခြင်း၊ အစားအစာ သုတေသနဆိုင်ရာ သုတေသနပညာရှင်များ မွေးထုတ်ပေးလျက်ရှိခြင်းစသည့် ပြောင်းလဲမှုများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။

အစားအစာဆိုင်ရာ သုတေသနများ (Food Research) ဆောင်ရွက်လျက်ရှိခြင်းအစားအစာဆိုင်ရာ သုတေသနများ (Food Research) ဆောင်ရွက်လျက်ရှိခြင်းအစားအစာဆိုင်ရာ သုတေသနများ (Food Research) ဆောင်ရွက်လျက်ရှိခြင်းအစားအစာဆိုင်ရာ သုတေသနများ (Food Research) ဆောင်ရွက်လျက်ရှိခြင်း