Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

အင်းဆက်ပိုးမွှားများ ကျရောက်မှုကို ဟန့်တားနိုင်သည့် ကြက်သွန်ဖြူဆေးရည် ပြုလုပ်နည်း

May, 4 2020

အင်းဆက်ပိုးမွှားများ ကျရောက်မှုကို ဟန့်တားနိုင်သည့် ကြက်သွန်ဖြူဆေးရည် ပြုလုပ်နည်း

ကြက်သွန်ဖြူဆေးရည်
 Garlic Spray
 လိုအပ်သော ပစ္စည်းများ
၁။ ကြက်သွန်ဖြူ - ၆၀ ကျပ်သား
၂။ ရှာလကာရည် - ၅၀၀ စီစီ
၃။ အရက်ဦးရည် - ၂ လီတာ
၄။ ရေ - ၁၀ လီတာ

🧄 ဆေးရည် ပြုလုပ်နည်း
- ကြက်သွန်ဖြူ (၆၀) ကျပ်သားကို ကြေညက်အောင် ထောင်းပါ။
- (၁၅) လီတာ ဝင်ဆံ့သော ပုံးထဲသို့ ကြေညက်အောင် ထောင်းထားသည့် ကြက်သွန်ဖြူ၊ ရှာလကာရည် (၅၀၀) စီစီ၊ အရက်ဦးရည် (၂) လီတာနှင့် ရေ (၁၀) လီတာတို့ထည့်၍ သမအောင်မွှေပါ။
- ထို့နောက် အဝတ်ပါးစဖြင့်ဖုံးအုပ်ပြီး၊ အရိပ်ရသောနေရာ (သို့မဟုတ်) အေးသောနေရာတွင် ထား၍ တစ်နေ့လျှင် တစ်ကြိမ်မွှေပါ။
- တစ်ပတ် (၇ ရက်) ကြာလျှင် အသုံးပြုနိုင်ပါသည်။
- အသုံးပြုသည့်အခါ ဆေးဖျန်းပိုက်ခေါင်း မပိတ်စေရန် အဖတ်များကို ရေစစ်ဖြင့်စစ်၍ အသုံးပြုပါ။

🧄 ဆေးရည် နှုန်းထားအချိုး
- သီးနှံပင် စိုက်ပျိုးခါစတွင် ဆေးရည် (၃၀) စီစီနှင့် ရေ (၁) ဂါလံနှုန်း ရောစပ်၍ ဖျန်းပါ။
- (၂) ရက်ခြားတစ်ကြိမ် ဖျန်းနိုင်ပါသည်။
- သီးနှံပင် စိုက်ပျိုးပြီး (၇) ရက်သားတွင် ဆေးရည် (၆၀) စီစီနှင့် ရေ (၁) ဂါလံနှုန်း ရောစပ်၍ ဖျန်းပါ။
- ပိုးကျရောက်မှု အခြေအနေပေါ် မူတည်၍ ဆေးရည်အား အဆတိုးဖျန်းပါ။

🧄 ဆေးရည် ဖျန်းရန်အချိန်
- မနက် အစောပိုင်း (သို့မဟုတ်) ညနေ နေဝင်ချိန်

🧄 ဆေးရည် သိုလှောင်နိုင်သည့် ကာလ
- (၁) လ

မူရင်း- ဒေါက်တာမြတ်သိမ့်ကို၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် ကြက်သွန်ဖြူဆေးရည်ပြုလုပ်သုံးစွဲနည်း လမ်းညွှန်စာစောင်

Credit: Myat Thaint KoL Moon Lu ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု

အင်းဆက်ပိုးမွှားများ ကျရောက်မှုကို ဟန့်တားနိုင်သည့် ကြက်သွန်ဖြူဆေးရည် ပြုလုပ်နည်းအင်းဆက်ပိုးမွှားများ ကျရောက်မှုကို ဟန့်တားနိုင်သည့် ကြက်သွန်ဖြူဆေးရည် ပြုလုပ်နည်း