Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

သဲကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်

August, 15 2020

သဲကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်

သဲကုန်းစိုက်ပျိုးရေးသုတေသနခြံသည် ပဲခူးတိုင်း (အနောက်ခြမ်း) တွင်ရှိသော စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ လက်အောက်ခံ သုတေသနခြံဖြစ်ပြီး၊ ပဲခူးတိုင်းဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိသည့် သီးနှံများ သုတေသနပြု ရှာဖွေဖော်ထုတ်ခြင်းနှင့် စိုက်ပျိုးနည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းမျာအား သုတေသနပြု ဆောင်ရွက်လျက်ရှိရာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းသည် သုတေသနမှူး ဒေါက်တာခင်သိန်းညွန့်နှင့် သုတေသနပညာရှင်များလိုက်ပါလျက် စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ ဒုတိယ တိုင်းဦးစီးမှူး ဦးမျိုးဝင်းနှင့် သဲကုန်းမြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဆွေတို့နှင့်အတူ သဲကုန်းစိုက်ပျိုးရေးသုတေသနခြံသို့ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၅) ရက်၊ နေ့လည်ပိုင်းက သွားရောက်စစ်ဆေးခဲ့ပါသည်။

သဲကုန်းစိုက်ပျိုးရေးသုတေသနခြံအနေဖြင့် ၂၀၁၉ - ၂၀၂၀ ခုနှစ်၊ မိုးရာသီတွင် အရည်အသွေးကောင်း စပါးမျိုးများ အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်များ၊ မိုးရေသောက် စပါးမျိုးများ၏ အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်များ၊ မျိုးသစ်အဖြစ် မှတ်ပုံတင်လျှောက်ထားမည့် စပါးမျိုးသစ် YMR- 20 ၏ အရည်အချင်းလက္ခဏာများ လေ့လာခြင်းစမ်းသပ်ကွက်၊ စပါး တိုက်ရိုက်မျိုးစေ့ချစနစ် စိုက်ပျိုးခြင်း သုတေသနနှင့် ထုတ်ဝေပြီးစပါးမျိုးသစ်များဖြစ်သော YQR- 11 နှင့် YQR-12 အထွက်ယှဉ်ပြိုင်ခြင်းသုတေသန စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုများအား သက်ဆိုင်ရာ သုတေသနစမ်းသပ်ကွက် တာဝန်ခံများကလည်းကောင်း၊ သီးနှံမျိုးကူးစပ် မွေးမြူရွေးချယ်ခြင်းလုပ်ငန်းများအား သိပ္ပံနည်းကျ သုတေသနပြုစမ်းသပ်ရန်အတွက် Breeding House ဆောက်လုပ်ထားရှိမှုများနှင့် သဲကုန်းစိုက်ပျိုးရေးသုတေသနခြံအား ဟင်းသီးဟင်းရွက် ဗဟိုသုတေသနဌာန (Vegetables Research Center) အဖြစ်သို့ အဆင့်မြှင့်တင်ရေးအတွက် မြေနေရာရွေးချယ်ခြင်း ဆောင်ရွက်ထားရှိမှုများကို တာဝန်ခံ ဒေါ်နုနုလွင်ကလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

တင်ပြဆွေးနွေးချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က သဲကုန်းစိုက်ပျိုးရေးသုတေသနခြံမှ သုတေသနပညာရှင်များအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်၍ တောင်သူအကျိုးပြု သုတေသနနှင့် နည်းပညာလုပ်ငန်းများအား ပိုမိုတိုးချဲ့ဆောင်ရွက်ရန်၊ တောင်သူများ၏ လိုအပ်ချက်သည် အဓိကဖြစ်သောကြောင့် တောင်သူအခြေပြု သုတေသနစခန်းများထူထောင်၍ တောင်သူများကိုယ်တိုင် ပူးပေါင်းကာ သုတေသနလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေးအလေးထားရန်၊ ဗဟိုထိန်းချုပ်မှုလျော့ချသည့် စနစ်ကိုကျင့်သုံးလျက်ရှိသောကြောင့် သုတေသနခြံများအနေဖြင့် ကိုယ်ပိုင်အစီအစဉ်ဖြင့် သုတေသနလုပ်ငန်းများအား သိပ္ပံနည်းကျစနစ်တကျဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။

သဲကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်သဲကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်သဲကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်သဲကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်သဲကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်သဲကုန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်