Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

သုတေသနအစီအစဉ်များ (Program) နှင့် စီမံကိန်းများ (Project) ချမှတ်၍ စပါးသီးနှံသုတေသနများ ဆောင်ရွက်နေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

November, 12 2020

သုတေသနအစီအစဉ်များ (Program) နှင့် စီမံကိန်းများ (Project) ချမှတ်၍ စပါးသီးနှံသုတေသနများ ဆောင်ရွက်နေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသနဌာနစုအနေဖြင့် ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုဖြင့် သုတေသနအစီအစဉ်များ (Program) နှင့် စီမံကိန်းများ (Project) ချမှတ်လျက် စပါးသီးနှံသုတေသနလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စပါးသီးနှံသုတေသနဌာနစု တာဝန်ခံ ဒေါက်တာစန္ဒာမိုးနှင့် သုတေသနပညာရှင်များသည် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး အစီအစဉ် (Food Security & Nutrition Program) အောက်တွင် စပါးသုတေသနစီမံကိန်း (၁၄) ခုအားလည်းကောင်း၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဒဏ် ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု အစီအစဉ် (Resilience and Sustainable Agriculture Program) အောက်တွင် စပါးသုတေသနစီမံကိန်း (၁၆) ခုအားလည်းကောင်း သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။
ယင်းစီမံကိန်းများထဲမှ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဆောင်ရွက်ထားရှိသော ယိုင်လဲမှုဒဏ် ခံနိုင်ရည်ရှိ၍ သက်တမ်းတိုသော ဧရာမင်းစပါးမျိုးမွေးမြူရွေးချယ်ခြင်း သုတေသနနှင့် အလားအလာကောင်းသော ဆားငန်ဒဏ် ခံနိုင်ရည်ရှိသော စပါးမျိုးများ၏ ဆားငန်ဒဏ်ခံနိုင်မှုအား လေ့လာခြင်း သုတေသနများ ဆောင်ရွက်နေမှုများကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက လက်တွေ့ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးစဉ်အတွင်း စပါးသီးနှံသုတေသနဌာနစု တာဝန်ခံနှင့် သက်ဆိုင်ရာ စမ်းသပ်ကွက် တာဝန်ခံများက Marker Assisted Pseudo Backcrossing နည်းလမ်းများအသုံးပြုပြီး သားဆက်လိုင်းများ မွေးမြူရွေးချယ်နေခြင်းများအားလည်းကောင်း၊ ဆားငန်ဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးသစ်များ ရရှိရေးအတွင်း ဆားပြင်းအား 6 dS/m နှင့် 9 dS/m အသီးသီးဖြင့် စမ်းသပ်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ သုတေသနပညာရှင်များ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က စပါးသုတေသနလုပ်ငန်းများအား အစီအစဉ် (Program) နှင့် စီမံကိန်း (Project) များချမှတ်ထားသည့်အောက်တွင် သုတေသနလုပ်ဆောင်ချက်များအား သိပ္ပနည်းကျဆောင်ရွက်ရန်၊ စမ်းသပ်ကွက်မှတ်တမ်းများအား အင်တာနက်ဖြင့်ချိတ်ဆက်၍ (Tablet Data Entry) စနစ်ဖြင့် မှတ်တမ်းများကောက်ယူရန်၊ သုတေသနများ ဆောင်ရွက်ရာတွင် ရလဒ်ကောင်းများရရှိ၍ တောင်သူများထံ မျိုးကောင်း၊ မျိုးသန့်နှင့် စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးရန်နှင့် သုတေသနစာတမ်းများ (Research Paper) ရေးသားထုတ်ဝေရေးများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သုတေသနအစီအစဉ်များ (Program) နှင့် စီမံကိန်းများ (Project) ချမှတ်၍ စပါးသီးနှံသုတေသနများ ဆောင်ရွက်နေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းသုတေသနအစီအစဉ်များ (Program) နှင့် စီမံကိန်းများ (Project) ချမှတ်၍ စပါးသီးနှံသုတေသနများ ဆောင်ရွက်နေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းသုတေသနအစီအစဉ်များ (Program) နှင့် စီမံကိန်းများ (Project) ချမှတ်၍ စပါးသီးနှံသုတေသနများ ဆောင်ရွက်နေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းသုတေသနအစီအစဉ်များ (Program) နှင့် စီမံကိန်းများ (Project) ချမှတ်၍ စပါးသီးနှံသုတေသနများ ဆောင်ရွက်နေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း