Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာတွင် ရိတ်သိမ်းနည်းပညာတို့၏ ထုတ်ဝေပြီးစပါးမျိုးများအပေါ် အကျိုးသက်ရောက်မှု လေ့လာခြင်းသုတေသန

March, 26 2020

သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာတွင် ရိတ်သိမ်းနည်းပညာတို့၏ ထုတ်ဝေပြီးစပါးမျိုးများအပေါ် အကျိုးသက်ရောက်မှု လေ့လာခြင်းသုတေသန

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေအသုံးချရေးသုတေသနဌာနစုသည် သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေဘဲ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်မြင့်မားရေး ရည်မှန်းချက်ထား၍ တောင်သူများ အကျိုးရှိစေမည့် ရေအသုံးချရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ရရှိလာသော သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်ရေးအတွက် နည်းပညာများ ဖြန့်ဝေပေးနိုင်ရန် မျှော်မှန်းချက်ဖြင့် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ရေအသုံးချရေးသုတေသနဌာနစုအနေဖြင့် စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုး၊ စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများဖြစ်သော စိုက်ပျိုးရေ၊ ဓာတ်မြေသြဇာနှင့် လုပ်သားချွေတာနိုင်သည့် သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ (SALIBU) ကို သုတေသနပြု လေ့လာခဲ့ပြီး၊ တောင်သူများဖိတ်ခေါ်၍ ကွင်းသရုပ်ပြပွဲများ ပြုလုပ်ကာ နည်းပညာဖြန့်ဝေခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိတွင် စပါးရိတ်သိမ်းရာတွင် ရိတ်သိမ်းချွေလှေ့စက် (Combine Harvester) ကို အသုံးပြု ရိတ်သိမ်းခြင်းကို ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိခြင်းကြောင့် သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာအတွက် အဟန့်အတားများ ဖြစ်လာပါသည်။ သို့ဖြစ်ပါ၍ သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာသုံးရာတွင် ဒုတိယအကြိမ် ရိုးပြတ်ကို စက်ဖြင့်တစ်ခါ ဖြတ်ပေးရသည့် ကုန်ကျစရိတ်ကို လျော့ချရန်နှင့် ရိတ်သိမ်းနည်းပညာဖြင့် သားတက်ဆင့်ပွား စပါးပင်တို့၏ အထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုအား လေ့လာရန် ရည်ရွယ်ချက်ဖြင့် ရေအသုံးချရေးသုတေသနဌာနစု တာဝန်ခံ သုတေသနမှူး ဒေါက်တာခင်မာဌေး၏ ကြီးကြပ်မှုဖြင့် ဦးကျော်မြိုင်နှင့် သုတေသနပညာရှင်များက သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာတွင် ရိတ်သိမ်းနည်းပညာတို့၏ ထုတ်ဝေပြီးစပါးမျိုးများအပေါ် အကျိုးသက်ရောက်မှုအား လေ့လာခြင်းသုတေသနကို ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါ သုတေသနတွင် စပါးရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်းနှင့် သမရိုးကျ လုပ်အားဖြင့် ရိတ်သိမ်းခြင်း စမ်းသပ်ချက်များ၏ ထုတ်ဝေပြီး စပါးမျိုးသစ် (၁၁) မျိုးအပေါ် သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ၏ အကျိုးသက်ရောက်မှုကို လေ့လာသွားမည်ဖြစ်ကာ၊ ထပ်ပြုကြိမ် (၃) ကြိမ်ဖြင့် စမ်းသပ်ဆောင်ရွက် သုတေသနပြုခြင်းဖြစ်ပါသည်။

သားတက်ဆင့်ပွါးနည်းပညာအသုံးပြု၍ စပါးလမိုင်းထားမည်ဆိုပါက မိခင်စပါးပင် မရိတ်သိမ်းမီ (၂) ပတ်အလိုတွင် ပုလဲ (နိုက်ထရိုဂျင်) ဓာတ်မြေသြဇာနှင့် ကြွက်ချေး (ဖော့စဖိတ်) ဓာတ်မြေသြဇာတို့ ကျွေးရန်၊ မိခင်စပါးပင်ကို ဇီဝကမ္မ ရင့်မှည့်ချိန်တွင် ရိတ်သိမ်းရန်၊ မရိတ်သိမ်းမီ (၁) ပတ်နှင့် ရိတ်သိမ်းပြီး (၂) ပတ်အတွင်း မြေ၏အစိုဓာတ်ကို Field Capacity (စပါးခင်းထဲရှိမြေကို လက်ဖြင့်စုပ်ကြည့်ပါက မြေလုံးပုံရ၍ စိုစွတ်သည့် အနေအထား) အခြေအနေ ထိမ်းထားရန်နှင့် သားတက်ထွက်ပြီး (၇- ၁၀) ရက်အတွင်းမှစ၍ စိုက်ခင်းထဲတွင် ရေပါးပါးလွှမ်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း သုတေသနမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာတွင် ရိတ်သိမ်းနည်းပညာတို့၏ ထုတ်ဝေပြီးစပါးမျိုးများအပေါ် အကျိုးသက်ရောက်မှု လေ့လာခြင်းသုတေသနသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာတွင် ရိတ်သိမ်းနည်းပညာတို့၏ ထုတ်ဝေပြီးစပါးမျိုးများအပေါ် အကျိုးသက်ရောက်မှု လေ့လာခြင်းသုတေသနသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာတွင် ရိတ်သိမ်းနည်းပညာတို့၏ ထုတ်ဝေပြီးစပါးမျိုးများအပေါ် အကျိုးသက်ရောက်မှု လေ့လာခြင်းသုတေသနသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာတွင် ရိတ်သိမ်းနည်းပညာတို့၏ ထုတ်ဝေပြီးစပါးမျိုးများအပေါ် အကျိုးသက်ရောက်မှု လေ့လာခြင်းသုတေသန