Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်ထားရှိသော သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ

August, 15 2020

လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်ထားရှိသော သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းတွင် တည်ရှိသော လက်ပံတန်း စိုက်ပျိုးရေးသုတေသနခြံ၏ တာဝန်ခံ ဒေါ်လေဘာတီတင် ဦးဆောင်သော သုတေသနပညာရှင်များသည် ဒေသနှင့် ကိုက်ညီသော သီးနှံမျိုးများ သုတေသနပြုခြင်း၊ စိုက်ပျိုးနည်းပညာများ ဖော်ထုတ်ခြင်းနှင့် စိုက်ပျိုးသူလက်ဝယ်သို့ မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးနည်းပညာများ ရောက်ရှိရေးအတွက် ပညာပေးသုတေသနများ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိရာ၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၅) ရက်နေ့၊ ညနေပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းသည် သုတေသနမှူး ဒေါက်တာခင်သိန်းညွန့်၊ စိုက်ပျိုးရေးဦးစီးဌာန သာယာဝတီခရိုင်ဦးစီးမှူး ဦးသန်းအောင်ဆန်းတို့လိုက်ပါ၍ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ၂၀၁၉- ၂၀၂၀ ခုနှစ်၊ မိုးရာသီ၌ မိုးရေသောက်လယ်စပါးမျိုးများ မွေးမြူရွေးချယ်ခြင်းနှင့် အရည်အသွေးကောင်းစပါးမျိုးများ မွေးမြူရွေးချယ်ခြင်း သုတေသန စမ်းသပ်ကွက်များကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၏ သုတေသနအစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိမှုနှင့် ကောက်စိုက်စက်နှင့် သမားရိုးကျ စိုက်နည်းစနစ်တို့၏ စပါးအထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုအားလေ့လာခြင်း၊ ဓာတုပိုးသတ်ဆေးများ၏ စပါးကြက်သွန်မိတ်ပိုးအပေါ် အကျိုးသက်ရောက်မှုအား လေ့လာခြင်းနှင့် မိုးရေသောက် လယ်စပါးမျိုးများ အဆင့်ဆင့်ရွေးချယ်ခြင်းသုတေသန စမ်းသပ်ကွက်များကို ခြံ၏သုတေသနအစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိမှုတို့အား ခြံတာဝန်ခံနှင့် သက်ဆိုင်ရာ စမ်းသပ်ကွက်တာဝန်ခံများက တင်ပြဆွေးနွေးခဲ့ကြပါသည်။

လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သုတေသနပညာရှင်များ၏ လုပ်ငန်းဆောင်ရွက်ချက်များတင်ပြခြင်းအပေါ် ညွှန်ကြားရေးမှူးချုပ်က သုတေသနပညာရှင်များအနေဖြင့် သုတေသနလုပ်ငန်းများအား စနစ်တကျ သိပ္ပံနည်းကျစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်၊ တောင်သူများ၏ လိုအပ်ချက်သာလျှင် အဓိကဖြစ်သောကြောင့် သုတေသနလုပ်ငန်းများ အတူပူးပေါင်းဆောင်ရွက်ရေးအတွက် တောင်သူအခြေပြု သုတေသနစခန်းများ ထူထောင်ရေး အလေးထားဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်နှင့် လုပ်ငန်းခွင်တွင်ပျော်၍ သုတေသနရလဒ်ကောင်းများရရှိရန် တိုက်တွန်းမှာကြားခဲ့ကြောင်း မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။

လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်ထားရှိသော သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများလက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်ထားရှိသော သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများလက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်ထားရှိသော သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများလက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်ထားရှိသော သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများလက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်ထားရှိသော သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများလက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံတွင် ဆောင်ရွက်ထားရှိသော သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ