Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်း

August, 25 2020

ရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီက ကျင်းပြပြုလုပ်ခဲ့ပါသည်။

အဆိုပါ တောင်သူပညာပေး သင်တန်းသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးအဏုဇီဝသုတေသနဌာနစု တာဝန်ခံ သုတေသနမှူး ဒေါက်တာမော်မော်သန်း ဦးဆောင်သော သက်ဆိုင်ရာ သုတေသနပညာရှင်များ၊ စီပင်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဒေါ်ခင်ပပအေးနှင့် သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဦးမင်းကြည်နှင့် စိုက်ပျိုးပညာပေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင် သုတေသနမှူး ဒေါက်တာမော်မော်သန်းက တောင်သူပညာပေးသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သီးနှံပင်များအတွက် အကျိုးပြုသော အဏုဇီဝသက်ရှိများအကြောင်းအားလည်းကောင်း၊ သုတေသနအရာရှိ ဒေါက်တာနီနီတင့်က သီးနှံများအတွက် မြေဆီလွှာနှင့် မြေဩဇာဆိုင်ရာသိမှတ်ဖွယ်ရာများအကြောင်းကိုလည်းကောင်း၊ လက်ထောက် သုတေသနအရာရှိ ဒေါ်သိန်းသိန်းမော်က အရည်အသွေးပြည့်မီသော စပါးမျိုးကောင်း မျိုးသန့်များစိုက်ပျိုးထုတ်လုပ်ခြင်း အကြောင်းကိုလည်းကောင်း၊ လက်ထောက်သုတေသနအရာရှိ ဒေါက်တာဝင်းစုမင်းက စပါးတွင် ကျရောက်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများနှင့် ထရိုင်ခိုဒါးမားမှိုကိုအသုံးပြု၍ မြေဆွေးနှင့် ဇီဝမြေဆွေးပြုလုပ်နည်းအကြောင်းကိုလည်းကောင်း၊ လက်ထောက်သုတေသနအရာရှိ ဒေါက်တာခင်မာမြိုင်က စပါးတွင် ကျရောက်သော ပိုးမွှားများနှင့် ကာကွယ်နှိမ်နင်းနည်းများနှင့် ပိုးသတ်ဆေးစနစ်တကျသုံးစွဲနည်းအကြောင်းကိုလည်းကောင်း၊ လက်ထောက်သုတေသနအရာရှိ ဦးကျော်မြိုင်က စပါးသားတက်ဆင့်ပွါးနည်းပညာ စိုက်နည်းစနစ်နှင့် ရေချွေတာသုံးစွဲနည်းအကြောင်းကိုလည်းကောင်း သင်ကြားပို့ချခဲ့ကြပြီး၊ တောင်သူများ၏ စိတ်ပါဝင်စားစွာ မေးမြန်းသည့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများအားလည်း အပြန်အလှန် ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရှိရခြင်းအား သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

ရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်းရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်းရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်းရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်းရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်းရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်းရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်းရမည်းသင်း၌ တောင်သူပညာပေး စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခြင်း