Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

မြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) မှ သုတေသနလုပ်ငန်းစဉ်များလာရောက်ဆွေးနွေးခြင်း

January, 26 2020

မြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) မှ သုတေသနလုပ်ငန်းစဉ်များလာရောက်ဆွေးနွေးခြင်း

မြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) အဖွဲ့မှ ဥက္ကဌ ဒေါက်တာ ဇော်ဝင်းအောင် ဦးဆောာင်၍ အထွေထွေအတွင်းရေးမှူးအပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် စုစုပေါင်း (၁၂) ဦး တို့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းများအားလေ့လာရန်နှင့် သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးရန် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း၊ နေပြည်တော်သို့ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့က လာရောက်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သုတေသန တာဝန်ခံများနှင့် သုတေသနပညာရှင်များက နဝရတ်ခန်းမတွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မျိုးကောင်းမျိုးသန့်ရရှိရန် လုပ်ဆောင်နေမှုများ၊ GAPစိုက်နည်း စနစ်များ၊ စျေးကွက်လိုအပ်ချက်အရပြောင်းလဲလာသည့် သီးနှံအရည်အသွေးများ၊ သုတေသန နည်းပညာအချက်အလက်များ၊ အနာဂတ်စိုက်ပျိုးရေးလုပ်ငန်းများတွင် လူငယ်များပါဝင် လုပ်ဆောင် နိုင်ရန် လိုအပ်သည့် ပညာပေးသင်တန်းများ၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံများတွင် စိုက်ပျိုးနည်းစနစ်ကောင်းများသုံးစွဲနိုင်ရေးနှင့် နာဂ တောင်တန်းတွင် စိုက်ပျိုးလုပ်ဆောင်လိုသည့် ကုန်းမြှင့်စပါးများ၊ ကော်ဖီသီးနှံ ၊ ဝဥ စိုက်ပျိုးနိုင်ရေး နှင့် လိုအပ်သော နည်းပညာဗဟုသုတ များလာရောက် ပညာပေးစေလိုကြောင်း စသည့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက လိုအပ်သော နည်းပညာများ၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်မှုနည်းစနစ်များ၊ ပညာပေးသင်တန်းများ စာတွေ့လက်တွေ့ လာ‌ရောက်ပို့ချပေးနိုင်‌ရေး၊ နာဂတောင်တန်း‌ဒေသတွင် ကုန်းမြှင့်စပါးအပြင် ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးများသုတေသနလုပ်ဆောင်နိုင်ရန် နှင့် စိုက်ပျိုး‌ရေးသုတေသနဦးစီးဌာန၏ လူငယ်စိုက်ပျိုးရေးသုတေသီများအသင်း (YARSA)နှင့် ချိတ်ဆက်၍ စိုက်ပျိူးရေးလုပ်ငန်းများတွင်လူငယ်များ ပါဝင်လာနိုင်ရေးတို့ကို ကူညီပံ့ပိုးလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

မြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) မှ သုတေသနလုပ်ငန်းစဉ်များလာရောက်ဆွေးနွေးခြင်းမြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) မှ သုတေသနလုပ်ငန်းစဉ်များလာရောက်ဆွေးနွေးခြင်းမြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) မှ သုတေသနလုပ်ငန်းစဉ်များလာရောက်ဆွေးနွေးခြင်းမြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) မှ သုတေသနလုပ်ငန်းစဉ်များလာရောက်ဆွေးနွေးခြင်းမြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) မှ သုတေသနလုပ်ငန်းစဉ်များလာရောက်ဆွေးနွေးခြင်းမြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) မှ သုတေသနလုပ်ငန်းစဉ်များလာရောက်ဆွေးနွေးခြင်းမြန်မာနိုင်ငံတောင်သူလယ်သမား နှင့် စိုက်ပျိုးရေးအလုပ်သမားသမ္မဂများအဖွဲ့ချုပ် (AFFM) မှ သုတေသနလုပ်ငန်းစဉ်များလာရောက်ဆွေးနွေးခြင်း