Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျူးနည်းပညာတို့အသုံးပြု၍ အရည်အသွေးကောင်းဈေးကွက်ဝင် မြန်မာငှက်ပျောမျိုးများရရှိရန် ဆောင်ရွက်ခြင်းသုတေသန

October, 13 2020

မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျူးနည်းပညာတို့အသုံးပြု၍ အရည်အသွေးကောင်းဈေးကွက်ဝင် မြန်မာငှက်ပျောမျိုးများရရှိရန် ဆောင်ရွက်ခြင်းသုတေသန
မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျှူးမွေးမြူရေးတို့ ပူးတွဲအသုံးပြု၍ သီးနှံမျိုးသစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ရေးတာဝန်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်ဇီဝနည်းပညာသုတေသနဌာနစုရှိ သုတေသနပညာရှင်များ၏ ရည်မှန်းချက်တာဝန်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဈေးကွက်ဝင် အရည်အသွေးကောင်း မြန်မာငှက်ပျောမျိုးဖြစ်သည့် ခွံဝါငှက်ပျော မျိုးထွန်းလိုင်းသုတေသနကို ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဇီဝနည်းပညာသုတေသနဌာနစု၊ သုတေသနကွင်း၌ ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါသုတေသနကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးစဉ်အတွင်း ဇီဝနည်းပညာသုတေသနဌာနစု တာဝန်ခံ ဒေါ်သက်သက်ဦးက စားသုံးမှု အရည်အသွေးကောင်းကာ ကြာရှည်ထားခံနိုင်သည့် ဈေးကွက်ဝင် မြန်မာငှက်ပျောမျိုးများရရှိရန်ရည်ရွယ်၍ မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျူး နည်းပညာတို့ကို အသုံးပြု၍ ခွံဝါငှက်ပျော မျိုးထွန်းလိုင်းများကို သုတေသနပြု ဆောင်ရွက်ထားမှုများအား ရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် ညွှန်ကြားရေးမှူးချုပ်က မြန်မာငှက်ပျောမျိုးများသည် စားသုံးမှုအရသာကောင်းသော်လည်း တာရှည်ထား မခံခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည် မရှိခြင်း၊ အသီးအထွက်နှုန်းနည်းခြင်းနှင့် သယ်ယူပို့ဆောင်သည့်အခါ ထိခိုက်မှုများခြင်းတို့ကြောင့် ဈေးကွက်အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိခြင်းကြောင့် ဇီဝနည်းပညာသုတေသနပညာရှင်များအနေဖြင့် ငှက်ပျောစိုက်ပျိုးတောင်သူများအတွက် လိုအပ်ချက်ဖြစ်သော ဈေးကွက်ဝင် အရည်အသွေးကောင်း ငှက်ပျောမျိုးများအား သုတေသနပြု၍ တစ်သျှူးနည်းပညာဖြင့် အမြောက်အမြား မွေးမြူထုတ်လုပ်ကာ တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဇီဝနည်းပညာသုတေသနဌာနစုမှ သုတေသနပညာရှင်များသည် ယခုနှစ် မိုးရာသီတွင် ခွံဝါငှက်ပျော မျိုးထွန်းလိုင်းများကို မိဘမျိုးလိုင်းများနှင့် နှိုင်းယှဉ်ရွေးချယ်၍ ငှက်ပျောမျိုးသစ်များထုတ်လုပ်နိုင်ရေးအတွက် သုတေသနများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။
မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျူးနည်းပညာတို့အသုံးပြု၍ အရည်အသွေးကောင်းဈေးကွက်ဝင် မြန်မာငှက်ပျောမျိုးများရရှိရန် ဆောင်ရွက်ခြင်းသုတေသနမျိုးထွန်းနည်းပညာနှင့် အပင်တစ်သျူးနည်းပညာတို့အသုံးပြု၍ အရည်အသွေးကောင်းဈေးကွက်ဝင် မြန်မာငှက်ပျောမျိုးများရရှိရန် ဆောင်ရွက်ခြင်းသုတေသနမျိုးထွန်းနည်းပညာနှင့် အပင်တစ်သျူးနည်းပညာတို့အသုံးပြု၍ အရည်အသွေးကောင်းဈေးကွက်ဝင် မြန်မာငှက်ပျောမျိုးများရရှိရန် ဆောင်ရွက်ခြင်းသုတေသနမျိုးထွန်းနည်းပညာနှင့် အပင်တစ်သျူးနည်းပညာတို့အသုံးပြု၍ အရည်အသွေးကောင်းဈေးကွက်ဝင် မြန်မာငှက်ပျောမျိုးများရရှိရန် ဆောင်ရွက်ခြင်းသုတေသန