Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

မျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်း

July, 29 2020

မျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် သီးနှံစိုက်ပျိုးသည်မှ ရိတ်သိမ်းသိုလှောင်၍ စားသုံးသူလက်ဝယ်ရောက်ရှိသည်အထိ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တလျှောက် ကြုံတွေ့နေရသည့် အခက်အခဲများကို သုတေသနပြု ရှာဖွေဖော်ထုတ်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့၊ သုတေသနနှင့် နည်းပညာလက်ဆင့်ကမ်းမျှဝေနိုင်ရေးအတွက် မျိုးဆက်သစ် သုတေသနအလုပ်သင်ဝန်ထမ်းများအား သုတေသနလုပ်ငန်းများတွင် လက်တွေ့စူးစမ်းလေ့လာစေခြင်းဖြင့် သုတေသန လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရန်အတွက်လည်း လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရုံးချုပ်ရှိ သက်ဆိုင်ရာ သုတေသနဌာနစုများ၌ သုတေသနလက်ထောက်-၄ ကျောထောက်နောက်ခံပြု အလုပ်သင်ဝန်ထမ်း (၄၇) ဦးကို မျိုးစေ့ဘဏ်သုတေသနဌာနစု ကွင်း၌ သုတေသနများ ဆောင်ရွက်ထားမှုအား လက်တွေ့ ရှင်းလင်းသင်ကြားခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့ ၊ နံနက် (၇:၃၀) နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။

သုတေသနများ လက်တွေ့ သင်ကြားပို့ချရာတွင် မျိုးဆက်သစ်များအနေဖြင့် သိပ္ပံနည်းကျ နည်းလမ်းများကို လက်တွေ့လေ့လာစူးစမ်းကာ ဖန်တီးမှုနှင့် စနစ်တကျလုပ်ဆောင်မှုများ ပေါင်းစပ်၍ ပြဿနာများကို အသေးစိတ်ဖြေရှင်း ဆောင်ရွက်နိုင်မှသာ ရည်မှန်းထားသည့် သုတေသနပညာရှင်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေဩဇာအဖြစ် ပိုက်ဆံလျှော် စိုက်ပျိုးခြင်းသည် မြေဆီလွှာ၏ ဂုဏ်သတ္တိကို တိုးတက်စေပြီး၊ အပေါ်ယံ မြေဆီလွှာ တိုက်စားမှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ပြောကြားခဲ့ပါသည်။ ထို့နောက် မျိုးစေ့ဘဏ်သုတေသနဌာနစု တာဝန်ခံ ဒေါက်တာမင်းစံသိန်းက သစ်စိမ်းမြေသြဇာအဖြစ် ပိုက်ဆံလျှော် စိုက်ပျိုးထားမှုနှင့် ကွင်းသုတေသနလုပ်ငန်းများအားလည်းကောင်း၊ ဒေါက်တာဥမ္မာစော၊ ဒေါ်ဥမ္မာအောင်၊ ဒေါ်နွယ်အေးငြိမ်းတို့က လူး/ ဆတ်နှင့် ပြောင်း မျိုးရိုးဗီဇကွဲများအား စိုက်ပျိုးထားရှိမှုသုတေသနအားလည်းကောင်း ရှင်းလင်းသင်ကြားရာ၊ မျိုးဆက်သစ် သုတေသနအလုပ်သင်များက သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ပိုက်ဆံလျှော်အား သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးပြီး ထယ်ထိုးနစ်မြုပ်ရမည့် အချိန်သည် အရေးကြီးသည်ဖြစ်ရာ၊ မြေဆီလွှာသုတေသနဌာနစု၏ သုတေသနတွေ့ရှိချက်အရ သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးသည့် ပိုက်ဆံလျှော်ပင်အား ပန်းမပွင့်မီ၊ အပင်သက်တမ်းအားဖြင့် (၄၀ မှ ၄၅) ရက်ဝန်းကျင်တွင် ထယ်ထိုးမြေမြုပ်ရမည်ဖြစ်ပြီး၊ ထယ်ထိုးနစ်မြုပ်ပြီး (၁၀ မှ ၁၄) ရက် ကြာမှသာလျှင် ဆွေးမြေ့မည်ဖြစ်သောကြောင့် ကောင်းစွာဆွေးမြေ့ပြီးမှသာ စီးပွါးဖြစ် သီးနှံများစိုက်ပျိုးရမည်ဖြစ်ပါသည်။ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ပင်အား (၄၅) ရက်သားတွင် ထယ်ထိုးမြုပ်နှံပါက မြေမှ အာဟာရဓာတ်ရရှိမှုမှာ နိုက်ထရိုဂျင် (၈၆) ပေါင်/ ဧက၊ ဖော့စ်ဖရပ်စ် (၁၁) ပေါင်/ ဧက နှင့် ပိုတက်ရှ် (၄၈) ပေါင်/ ဧက (Source: Lab Data, Soil Science Section- DAR) ဖြစ်ပါကြောင်း မှတ်တမ်းပြုဖော်ပြအပ်ပါသည်။

မျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်းမျိုးဆက်သစ် သုတေသန အလုပ်သင်ဝန်ထမ်းများအား ပိုက်ဆံလျှော် သစ်စိမ်း စိုက်ပျိုးထားမှုနှင့် လူး-ဆတ်၊ ပြောင်း မျိုးရိုးဗီဇကွဲများ စိုက်ပျိုးထားမှုတို့ကို ရှင်းလင်းသင်ကြားပေးခြင်း