Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ဘုတလင်မြို့နယ်မှ တောင်သူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လေ့လာရေးလာရောက်ခြင်း

February, 16 2020

ဘုတလင်မြို့နယ်မှ တောင်သူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လေ့လာရေးလာရောက်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှ တောင်သူအဖွဲ့သည် လယ်ယာထုတ်ကုန် တိုးတက်ရေးအတွက် လိုအပ်နေသော စိုက်ပျိုးရေးနည်းပညာ၊ ဗဟုသုတများ ပိုမိုတိုးတက်ရရှိစေရန်အတွက်ရည်ရွယ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း၊ နေပြည်တော်သို့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့နှင့် (၁၆) ရက်နေ့များက လေ့လာရေးခရီးလာရောက်ခဲ့ပါသည်။

ဘုတလင် တောင်သူအဖွဲ့သည် လေ့လာရေးပထမနေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဟင်းသီးဟင်းရွက်၊ သစ်သစ်ဝလံပန်းမန်သုတေသနဌာနစုသို့ သွားရောက်လေ့လာရာ သရက်စိုက်ခင်းများနှင့် သုတေသနဆောင်ရွက်ထားရှိမှုများ၊ သရက်ကိုင်းကူးကိုင်းဆက်နည်းပညာများ၊ ကြားခံကိုင်းကူးပင်များ၏ အပင်ဖြစ်ထွန်းမှုများ၊ ကိုင်းချိုင်ခြင်း၊ အသီးအိတ်စွပ်ခြင်း၊ ဆေးဖျန်းခြင်း၊ အသီးခူးခြင်း ကဲ့သို့သော အပင်ပြုစုစောင့်ရှောက်ခြင်းများအား သရက်သုတေသနပညာရှင် ဒေါက်တာဝင်းနိုင်ကလည်းကောင်း၊ စပါးသီးနှံသုတေသနဌာနစုတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးစိုက်ခင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ခံကလည်းကောင်း၊ ဆီထွက်သီးနှံသုတေသနဌာနစုတွင် သုတေသနပြုထုတ်လုပ်ထားသော ဆီထွက်သီးနှံမျိုးများနှင့် ပတ်သက်၍ ဌာနစုတာဝန်ခံ ဒေါက်တာခင်မျိုးဝင်းကလည်းကောင်း၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ တောင်သူများလက်ဝယ်စိုက်ပျိုးနေသော ပဲသီးနှံမျိုးများနှင့် ပတ်သက်သည့် အကြောင်းအရာများအား သုတေသနလက်ထောက်- ၂ ဦးကျော်နိုင်ဝင်းတို့ကလည်းကောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

ဒုတိယနေ့တွင် လေ့လာရေးအဖွဲ့သည် မျိုးစေ့ဘဏ်ပြခန်း (၁) အတွင်း ခင်းကျင်းပြသထားသော စပါး၊ ပြောင်းနှင့် နှံစား၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနပြခန်းများ၊ ဆီထွက်နှင့် စက်မှုသီးနှံပြခန်းများ၊ သီးနှံစိုက်စနစ်၊ သီးနှံပိုးမွှားနှင့် ရောဂါကာကွယ်ရေးသုတေသန၊ ဇီဝနည်းပညာ (အပင်တစ်သျူးနည်းပညာ)၊ အဏုဇီဝ၊ မြေဆီလွှာနှင့် ရေအသုံးချရေး သုတေသနပြခန်းများအားလည်းကောင်း၊ မျိုးစေ့ဘဏ်ပြခန်း (၂) အတွင်း ခင်းကျင်းပြသထားသည့် စပါးမျိုးရိုးဗီဇကွဲများ၊ သီးနှံအရင်းအမြစ်များ ထိန်းသိမ်းထားမှုများ၊ တောင်သူများအတွက် စိုက်ပျိုးရေးသတင်းအချက်အလက်များကို ရိုက်ကူးထုတ်လွှင့်ပေးသည့် တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel) စတူဒီယိုအားလည်းကောင်း ကြည့်ရူ့လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဘုတလင်မြို့နယ်မှ တောင်သူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လေ့လာရေးလာရောက်ခြင်းဘုတလင်မြို့နယ်မှ တောင်သူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လေ့လာရေးလာရောက်ခြင်းဘုတလင်မြို့နယ်မှ တောင်သူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လေ့လာရေးလာရောက်ခြင်းဘုတလင်မြို့နယ်မှ တောင်သူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လေ့လာရေးလာရောက်ခြင်းဘုတလင်မြို့နယ်မှ တောင်သူများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ လေ့လာရေးလာရောက်ခြင်း