Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ပြောင်းဖူးသီးနှံ စိုက်ပျိုးနည်းစနစ်များ (စားပြောင်း)

November, 16 2020

ပြောင်းဖူးသီးနှံ စိုက်ပျိုးနည်းစနစ်များ (စားပြောင်း)
ပြောင်းဖူးသီးနှံ စိုက်ပျိုးနည်းစနစ်များ (စားပြောင်း)
✅ တစ်ဧက အထွက်အများဆုံးရရှိစေမည့် ပြောင်းဖူးသီးနှံ စိုက်ပျိုးရေးနည်းစနစ်ကောင်းများ
- မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် ရရှိအောင် ဆောင်ရွက်ပါ။
- တစ်ဧက အပင်ဦးရေ (၂၃၀၀၀) မှ (၂၅၀၀၀) ရရှိရန်၊ ပင်ကြားနှင့် တန်းကြား (၉ × ၃၀) လက်မဖြင့် စိုက်ပျိုးပါ။
- မျိုးစေ့ကို (၂) လက်မ၊ (၂) လက်မခွဲ အနက်တွင် တစ်ညီတည်းစိုက်၍ ကြမ်းဖြင့် ဖုံးပေးပါ။
- သဘာဝမြေသြဇာ တက်နိုင်သမျှ ထည့်သွင်းပါ။
- မြေပြင်ချိန်တွင်
ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ - ၁၁၂ ပေါင်/ဧက၊
တီစူပါ (ကြွက်ခြေး) ဓာတ်မြေသြဇာ - ၁၁၂ ပေါင်/ဧက နှင့်
ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ- ၅၆ ပေါင်/ဧက နှုန်း ထည့်သွင်းရပါမည်။
- စိုက်ပျိုးပြီး (၂၀- ၂၁) ရက်သားတွင် ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ- ၅၆ ပေါင်/ဧက ကို ဒုတိယအကြိမ်အဖြစ် ထပ်မံထည့်ပေးရပါမည်။
- စိုက်ပျိုးပြီး (၃၀-၃၅) ရက်သားတွင် ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ- ၅၆ ပေါင်/ဧကကို တတိယအကြိမ်အဖြစ်လည်းကောင်း၊ ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ- ၅၆ ပေါင်/ဧကကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း ထည့်၍ ဘောင်တင်ပါ။
- အပင်ပေါက်စုံပြီး (၁၄) ရက်သားတွင် တစ်ကျင်းလျှင် တစ်ပင်ချိန်၍ သားခွဲပါ။
- စိုက်ကွက်တွင် ရေမဝပ်စေရန် ဂရုပြုပါ။
- အပင်သက်တမ်း (၃၅ မှ ၄၀) ရက်သား ဘောင်တင်ပြီးသည်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။
- ပန်းဖြိုင်ဖြိုင်ပွင့်ပြီး (၂၀ မှ ၂၅) ရက်အတွင်း ရိတ်သိမ်းစားသုံးနိုင်ပါသည်။
- စိုက်ပျိုးချိန်နှင့် အဖူးနို့ရည်တည်ချိန်တို့တွင် ကြွက်ဖျက်ဆီးတက်သဖြင့် စိုက်ခင်းပတ်လည် သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် ကြွက်ဆေးချခြင်းများ ဆောင်ရွက်ပါ။
✅ ရေဆင်း စားပြောင်းချို မျိုးသစ်များ၏ အရည်အချင်းလက္ခဏာများ
🌽 ရေဆင်းစားပြောင်းချို - ၁
သက်တမ်း - ၆၅ မှ ၇၀ ရက်
၅၀% ပန်းပွင့်ရက် - ၄၅ ရက်
အဖူးအရှည် - ၁၈.၉ စင်တီမီတာ
အစေ့တန်းအရှည် - ၁၆.၃ စင်တီမီတာ
အဖူးအချင်း - ၄.၃ စင်တီမီတာ
တစ်ဖူးပါအတန်း - ၁၂ တန်း
တစ်တန်းပါအစေ့ - ၃၂ စေ့
အစေ့အရောင် - နို့နှစ်ရောင်
အဖူးအစိုအလေးချိန် - ၂၅၀ ဂရမ်
ရောင်းတန်းဝင်အဖူး - ၁၆၅၀၀ ဖူး/ဧက
စားသုံးမှုအရည်အသွေး - ကောင်း
စိုက်ပျိုးသင့်သော ဒေသ - မြေပြန့်ပြောင်းစိုက်ဒေသအားလုံး
ထူးခြားချက် - အသက်ရက် ၆၅ မှ ၇၀ ရက်အတွင်း ရိတ်သိမ်းစားသုံးပါက နူးညံ့ပြီး စေး၍ ချိုသော အရသာကို ရရှိနိုင်သည့် သဘာဝ ဝတ်မှုန်ကူးမျိုးဖြစ်ပါသည်။
🌽 ရေဆင်းစားပြောင်းချို- ၂
သက်တမ်း - ၇၅ မှ ၈၀ ရက်
၅၀% ပန်းပွင့်ရက် - ၅၄ ရက်
အဖူးအရှည် - ၁၈ စင်တီမီတာ
အစေ့တန်းအရှည် - ၁၇ စင်တီမီတာ
အဖူးအချင်း - ၄ စင်တီမီတာ
တစ်ဖူးပါအတန်း - ၁၄ တန်း
တစ်တန်းပါအစေ့ - ၄၄ စေ့
အစေ့အရောင် - အဝါရောင်
အဖူးအစိုအလေးချိန် - ၂၈၃ ဂရမ်
ရောင်းတန်းဝင်အဖူး - ၁၆၅၆၂ ဖူး/ဧက
စားသုံးမှုအရည်အသွေး - ကောင်း
စိုက်ပျိုးသင့်သော ဒေသ - မြေပြန့်ပြောင်းစိုက်ဒေသအားလုံး
ထူးခြားချက် - အသက်ရက် ၇၅ မှ ၈၀ ရက်အတွင်း ချိုးယူစားသုံးနိုင်ပြီး အချိုဓာတ်မြင့်မား၍ စားသုံးမှုကောင်းသည့် သဘာဝ ဝတ်မှုန်ကူးမျိုးဖြစ်ပါသည်။
မူရင်း- ပြောင်းဖူးနှင့် အခြားနှံစားသီးနှံသုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ဝေသည့် "စားပြောင်းမျိုးများ၏ တစ်ဧကအထွက် အများဆုံးရရှိစေမည့် စိုက်ပျိုးနည်းစနစ်ကောင်းများ" ပညာပေးလက်ကမ်းစာစောင်မှ ကူးယူဖော်ပြပါသည်။
Credit:
Mi Mi Khaing
၊ ပြောင်းဖူးနှင့် အခြားနှံစားသီးနှံသုတေသနဌာနစု
🛸 Drone ဓာတ်ပုံမှတ်တမ်း
ဦးမျိုးသန့်တင်
 
ပြောင်းဖူးသီးနှံ စိုက်ပျိုးနည်းစနစ်များ (စားပြောင်း)ပြောင်းဖူးသီးနှံ စိုက်ပျိုးနည်းစနစ်များ (စားပြောင်း)