Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ပုလဲမြို့နယ်၊ ကျေးသများရွာ၌ စိုက်ပျိုးသူတောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သော သုတေသနများ ပိုမိုလုပ်ဆောင်နိုင်ရေး ကွင်းဆင်းဆွေးနွေးခြင်း

September, 23 2019

ပုလဲမြို့နယ်၊ ကျေးသများရွာ၌ စိုက်ပျိုးသူတောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သော သုတေသနများ ပိုမိုလုပ်ဆောင်နိုင်ရေး ကွင်းဆင်းဆွေးနွေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကျေးသများကျေးရွာရှိ တောင်သူဦးမင်းဟန်၏ နေအိမ်အား တောင်သူအခြေပြု သုတေသနစခန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ၊ တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် သုတေသနလုပ်ငန်းများ ပိုမိုပြုလုပ်လာနိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဇလုပ်နှင့် ပန်းကုံး စိုက်ပျိုးရေးသုတေသနခြံများ၏ တာဝန်ခံများ၊ သက်ဆိုင်ရာ သုတေသနပညာရှင်များလိုက်ပါ၍ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၃) ရက် နေ့က ကွင်းဆင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

တောင်သူအခြေပြု သုတေသနစခန်း ထူထောင်ခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအား တောင်သူများပိုမိုသိရှိလာစေရန်နှင့် တောင်သူကိုယ်တိုင်ပါဝင်၍ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လာစေရန် တောင်သူအခြေပြု သုတေသနစခန်းတည်ထောင်ခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ကျေးသများကျေးရွာ၏ တောင်သူအခြေပြု သုတေသနစခန်းသည် ဒုတိယ စခန်းဖြစ်ကြောင်း၊ တောင်သူများ၏ လူနေမှုဘဝ မြှင့်တင်စေရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးသူတောင်သူများ သုံးဦး သုံးဖလှယ်ပူးပေါင်း၍ အချိတ်အဆက်မိစွာ ဆောင်ရွက်နိုင်ယုံမျှမက ထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မူဝါဒဖော်ဆောင်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့်လည်း အချိတ်အဆက်မိစွာ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့မှသာ တောင်သူများအတွက် ကောင်းမွန်သောဈေးကွက်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက တိုက်တွန်းပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တောင်သူအခြေပြု သုတေသနစခန်းများ ထူထောင်ထားပြီးဖြစ်ရာ၊ တောင်သူအခြေပြု သုတေသနစခန်းရှိရာ တောင်သူ့စိုက်ခင်းအတွင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြု ရရှိသော သီးနှံမျိုးများနှင့် နည်းပညာများကို လက်တွေ့စိုက်ပျိုးပြသခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ခြင်းကြောင့် သုတေသနစခန်းနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ တောင်သူများ လာရောက်လေ့လာနိုင်မည် ဖြစ်သည့်အပြင်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအနေဖြင့် သီးနှံ့စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့် မျိုးကောင်း မျိုးသန့်၊ စိုက်ပျိုးနည်းပညာ၊ အပင်ပြုစုထိန်းသိမ်းနည်း၊ အပင်ရောဂါနှင့် ပိုးမွှားကာကွယ်နှိမ်နင်းနည်းများအပါအဝင် ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာများနှင့် ပတ်သက်သော ဗဟုသုတများ ရယူလိုပါက ဇလုပ်စိုက်ပျိုးရေးသုတေသနခြံနှင့် ပန်းကုန်းစိုက်ပျိုးရေးသုတေသနခြံများရှိ သုတေသနပညာရှင်များထံသို့ အချိန်မရွေး လာရောက်မေးမြန်းနိုင်ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

ပုလဲမြို့နယ်၊ ကျေးသများရွာ၌ စိုက်ပျိုးသူတောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သော သုတေသနများ ပိုမိုလုပ်ဆောင်နိုင်ရေး ကွင်းဆင်းဆွေးနွေးခြင်းပုလဲမြို့နယ်၊ ကျေးသများရွာ၌ စိုက်ပျိုးသူတောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သော သုတေသနများ ပိုမိုလုပ်ဆောင်နိုင်ရေး ကွင်းဆင်းဆွေးနွေးခြင်း