Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

နှင်းဆီပန်းမျိုးများသုတေသနပြုလုပ်ရန် မျိုးစုဆောင်းထားရှိမှု အခြေအနေအား ကြည့်ရှု လေ့လာခြင်း

January, 23 2020

နှင်းဆီပန်းမျိုးများသုတေသနပြုလုပ်ရန် မျိုးစုဆောင်းထားရှိမှု အခြေအနေအား ကြည့်ရှု လေ့လာခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းသည် ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့်ပန်းမန်သုတေသနဌာနစုတွင် ပန်းမန်သုတေသနလုပ်ငန်း အနေဖြင့် စိုက်ပျိုးထားရှိသော နှင်းဆီပန်းမျိုးများအား ကွင်းဆင်းစစ်ဆေးရာ ဌာနစုတာဝန်ခံ ဒေါ်လုဘူ နှင့် သုတေသန ပညာရှင်များက နှင်းဆီ သုတေသနအနေဖြင့် ဆောင်ရွက်ရန် မျိုးရိုးဗီဇများ စုဆောင်းထားရှိမှု အခြေအနေ အားရှင်းလင်း တင်ပြခဲ့ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ပန်းမန်သုတေသနလုပ်ငန်းများ ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပဏာမအနေဖြင့် နှင်းဆီပန်းမျိုး သုတေသနလုပ်ငန်း တွင် မြန်မာနှင်းဆီပန်းမျိုးများစုဆောင်းထားရှိခြင်း၊ ဈေးကွက် တွင် ရောင်းချနေသော နှင်းဆီပန်းမျိုးများတွင် ရောင်းချမှုအားကောင်းသည့် အရောင်များ ဖြစ်သော အဝါရောင်၊ ပန်းရောင်၊ အနီရောင် နှင့် ချိုချဉ်ရောင် နှင်းဆီမျိုးများ စုဆောင်း ထားရှိခြင်းများစတင်လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါ နှင်းဆီမျိုးများအား ပြည်တွင်းဈေးကွက် တွင်သာမက ပြည်ပဈေးကွက်အထိတင်ပို့ရောင်းချနိုင်သည့် နှင်းဆီမျိုးများဖြစ်စေရန် သုတေသနလုပ်ငန်းအနေဖြင့် စိုက်ပျိုးနည်းစနစ်ကောင်းများရှာဖွေဖော်ထုတ်ခြင်း၊ မြေဩဇာသုံးစွဲမှု နည်းစနစ်များ နှင့် ဈေးကွက်တွင် နှင်းဆီပန်းမျိုးသစ်များထွက်ပေါ်လာစေရန် ကိုင်းကူး ကိုင်းဆက်လုပ်ငန်းများစသည်ဖြင့် ရှေ့ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်း ရရှိခဲ့ပါသည်။

နှင်းဆီပန်းမျိုးများသုတေသနပြုလုပ်ရန် မျိုးစုဆောင်းထားရှိမှု အခြေအနေအား ကြည့်ရှု လေ့လာခြင်းနှင်းဆီပန်းမျိုးများသုတေသနပြုလုပ်ရန် မျိုးစုဆောင်းထားရှိမှု အခြေအနေအား ကြည့်ရှု လေ့လာခြင်းနှင်းဆီပန်းမျိုးများသုတေသနပြုလုပ်ရန် မျိုးစုဆောင်းထားရှိမှု အခြေအနေအား ကြည့်ရှု လေ့လာခြင်းနှင်းဆီပန်းမျိုးများသုတေသနပြုလုပ်ရန် မျိုးစုဆောင်းထားရှိမှု အခြေအနေအား ကြည့်ရှု လေ့လာခြင်းနှင်းဆီပန်းမျိုးများသုတေသနပြုလုပ်ရန် မျိုးစုဆောင်းထားရှိမှု အခြေအနေအား ကြည့်ရှု လေ့လာခြင်းနှင်းဆီပန်းမျိုးများသုတေသနပြုလုပ်ရန် မျိုးစုဆောင်းထားရှိမှု အခြေအနေအား ကြည့်ရှု လေ့လာခြင်းနှင်းဆီပန်းမျိုးများသုတေသနပြုလုပ်ရန် မျိုးစုဆောင်းထားရှိမှု အခြေအနေအား ကြည့်ရှု လေ့လာခြင်း