Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

နည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် Low-Tech, Medium-Tech & Hi-Tech များ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိခြင်း

September, 7 2020

နည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် Low-Tech, Medium-Tech & Hi-Tech များ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိခြင်း

စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ၌ မတူကွဲပြားသော ရေ၊ မြေ၊ ရာသီဥတု အခြေအနေအသီးသီးတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူများ၏ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုက်ပါဆောင်ရွက်မှုသည် အရေးကြီးသည်ဖြစ်ရာ၊ စိုက်ပျိုးရေးသုတေသနပညာရှင်များအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းပညာများကို တောင်သူများ လက်ခံကျင့်သုံးနိုင်ရေးအတွက် ရှေ့ပြေးသုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ခေတ်မီ နည်းပညာသုတေသနများ ဆောင်ရွက်ရာတွင် လိုက်ပါဆောင်ရွက်မည့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု ရည်ရွယ်ချက်အမျိုးမျိုးနှင့် လိုက်လျောညီထွေမှုရှိရန်အတွက် နည်းပညာအနိမ့် (Low-Tech)၊ အလယ် အလတ်နည်းပညာ (Medium-Tech) နှင့် အဆင့်မြင့်နည်းပညာ (Hi-Tech) များ အသုံးပြု ဆောင်ရွက်လျက်ရှိခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် ညွှန်ကြားရေးမှူးများက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးစဉ် ညွှန်ကြားရေးမှူးများဖြစ်သော ဒေါက်တာစုစုဝင်းနှင့် ဒေါက်တာနွဲ့နွဲ့ယဉ်တို့၏ ဦးဆောင်မှုဖြင့် AFACI နှင့် KOPIA စီမံကိန်းများအရ နည်းပညာအနိမ့် (Low-Tech) နှင့် အလယ်အလတ်နည်းပညာ (Medium-Tech) များအသုံးပြု၍ အမိုးအကာအောက်တွင် ဟင်းသီးဟင်းရွက်သီးနှံများ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သုတေသန ဆောင်ရွက်ထားရှိမှုများအား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု တာဝန်ခံ ဒေါ်လုဘူနှင့် သုတေသနပညာရှင်များက လည်းကောင်း၊ အဆင့်မြင့်နည်းပညာ (Hi-Tech) အသုံးပြု၍ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် သီးနှံမျိုးများ မွေးမြူရွေးချယ်ခြင်း သုတေသနလုပ်ငန်းများကို ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ၏ ဦးဆောင်မှုဖြင့် ACIAR အထောက်အပံ့နှင့်ဆောက်လုပ်ထားသော Controlled Green House အတွင်း ပဲမျိုးစုံသီးနှံသုတေသနများ ဆောင်ရွက်ထားရှိမှုများအား ပဲမျိုးစုံသီးနှံ သုတေသနဌာနစု တာဝန်ခံ ဒေါ်မြတ်နွယ်နွယ်နှင့် သုတေသနပညာရှင်များကလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပါသည်။

အဆိုပါ နည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် နည်းပညာအနိမ့် (Low-Tech) ၊ အလယ်အလတ် (Medium-Tech) နှင့် အဆင့်မြင့် (Hi-Tech) နည်းပညာသုတေသနများသည် ခေတ်မီနည်းပညာများအသုံးပြု၍ သုတေသနပြု ဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ အမိုးအကာအောက်တွင် တစ်နှစ်ပတ်လုံး သီးနှံများစဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်သကဲ့သို့၊ ရာသီဥတုနှင့် လိုက်လျောညီထွေသည့် သီးနှံမျိုးမွေးမြူထုတ်လုပ်ရေး သုတေသနလုပ်ငန်းများ၊ အဆင့်မြင့် Genetic Engineering သုတေသနများလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ နည်းပညာအနိမ့် (Low-Tech) သုတေသနတွင် အပူချိန်ထိန်းညှိနိုင်ခြင်းနှင့် ရေပေးစနစ်ထိန်းချုပ်နိုင်ခြင်း အစရှိသော နည်းပညာများဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အလယ်အလတ်နည်းပညာ (Medium-Tech) သုတေသနတွင် အပူချိန်နှင့် ရေပေးစနစ်များ ထိန်းညှိပေးခြင်းများအပါအဝင် လေထုတ်စနစ်၊ အအေးပေးစနစ်များ ပါရှိပါသည်။ အဆင့်မြင့်နည်းပညာ (Hi-Tech) သုတေသနအသုံးပြု၍ ဆောက်လုပ်ထားသော Controlled Green House သုတေသနတွင် အပူချိန်၊ စိုထိုင်းဆ၊ အလင်းရောင်၊ နေ့/ ည ထိန်းချုပ်မှု၊ နေ့စဉ် သော်လည်းကောင်း၊ လအလိုက်သော်လည်းကောင်း ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်သည့် ပရိုဂရမ်နှင့် ဂရပ်ဖစ်များထားရှိကာ ဗဟိုထိန်းချုပ်မှုစနစ်များ ပါရှိသည်ဖြစ်ရာ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် နည်းပညာသုတေသနများ ဆောင်ရွက်ရန် အကူအညီရယူလိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

နည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် Low-Tech, Medium-Tech & Hi-Tech များ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိခြင်းနည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် Low-Tech, Medium-Tech & Hi-Tech များ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိခြင်းနည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် Low-Tech, Medium-Tech & Hi-Tech များ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိခြင်းနည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် Low-Tech, Medium-Tech & Hi-Tech များ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိခြင်းနည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် Low-Tech, Medium-Tech & Hi-Tech များ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိခြင်းနည်းစနစ်ကျသော လယ်ယာလုပ်ငန်းခွင်သုံး ခေတ်မီနည်းပညာ (Smart Farm Technology) ဖြစ်သည့် Low-Tech, Medium-Tech & Hi-Tech များ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိခြင်း