Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

တောင်သူလယ်သမား အသိပညာပေး စိုက်ပျိုးရေးအစီအစဉ်များ ရိုက်ကူးတင်ဆက်ခြင်း

May, 20 2020

တောင်သူလယ်သမား အသိပညာပေး စိုက်ပျိုးရေးအစီအစဉ်များ ရိုက်ကူးတင်ဆက်ခြင်း

စိုက်ပျိုးရေးသုတေသနဦစီးဌာနအနေဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသကဲ့သို့၊ နိုင်ငံအဝှမ်းရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၏ လူမှုစီးပွါး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များ၊ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများနှင့် သုတေသနရလဒ်များအား တောင်သူလယ်သမားများထံ အချိန်နှင့် တစ်ပြေးညီရောက်ရှိနိုင်ရေးအတွက် မီဒီယာဗဟိုပြု စိုက်ပျိုးပညာပေးအစီအစဉ်များကိုလည်း တောင်သူလယ်သမားကဏ္ဍရုပ်သံလုပ်ငန်းစုမှ ရိုက်ကူးတင်ဆက်ပေးလျက်ရှိပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်းလုပ်ငန်းစု (DAR- Farmer Channel Team) အနေဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် လိုအပ်သည့် သတင်းအချက်အလက်၊ နည်းပညာများအား အထောက်အပံ့ပေးနိုင်ရေးနှင့် နည်းပညာဗဟုသုတများ ဖြန့်ဝေပေးနိုင်ရေး (Let's give necessary information and knowledge to our Farmers through the Farmers Channel!) မျှော်မှန်းချက်ဖြင့် တောင်သူပညာပေး အစီအစဉ်များအား အမေးအဖြေကဏ္ဍ၊ မှတ်တမ်းရုပ်ရှင်၊ စကားဝိုင်းဆွေးနွေးခန်း၊ သုတ/ ရသ ဇာတ်လမ်းတို၊ သီချင်းနှင့် သတင်း အစီအစဉ်များအဖြစ် ရိုက်ကူးထုတ်လုပ်လျက်ရှိပါသည်။ DAR- Farmer Channel Team ရိုက်ကူးရေးအဖွဲ့က ရိုက်ကူးတည်းဖြတ်ပြီး ပညာပေးအစီအစဉ်များအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV- တပ်ကုန်း) သို့ ပေးပို့ခြင်းဖြစ်ကာ၊ MRTV- Farmers Channel မှတဆင့် နေ့စဉ် တောင်သူပညာပေးအစီအစဉ်များ ထုတ်လွှင့်ပေးခြင်းဖြစ်ပါသည်။

DAR- Farmer Channel Team မှ တောင်သူပညာပေးအစီအစဉ်များ ရိုက်ကူးတည်းဖြတ်ခြင်း လုပ်ငန်းများအား (၂၀၁၄- ၂၀၁၅) ခုနှစ်မှ စတင်ခဲ့ရာ အစီအစဉ်စုစုပေါင်း (၇၀၀) ခုရှိပြီဖြစ်ပြီး၊ ယခု (၂၀၁၉- ၂၀၂၀) ခုနှစ်တွင် ယနေ့အထိ ရိုက်ကူးထုတ်လုပ်ပြီး အစီအစဉ် (၆၅) ခုရှိပြီဖြစ်ပါသည်။ ထို့အပြင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနနှင့် နည်းပညာလုပ်ငန်းများ ဆောင်ရွက်နေမှုအား ဆိုရှယ် မီဒီယာဖြစ်သော “စိုက်ပျိုးရေးသုတေသနဦးစီးဌာန - Farmer Channel” Facebook Page မှတဆင့် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိပါကြောင်းနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တရားဝင် Website ဖြစ်သော “//www.dar.gov.mm” တွင်လည်း သုတေသနလုပ်ငန်းစဉ်များ၊ သုတေသနနှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ဖော်ပြပေးလျက်ရှိပါကြောင်း မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။

တောင်သူလယ်သမား အသိပညာပေး စိုက်ပျိုးရေးအစီအစဉ်များ ရိုက်ကူးတင်ဆက်ခြင်းတောင်သူလယ်သမား အသိပညာပေး စိုက်ပျိုးရေးအစီအစဉ်များ ရိုက်ကူးတင်ဆက်ခြင်းတောင်သူလယ်သမား အသိပညာပေး စိုက်ပျိုးရေးအစီအစဉ်များ ရိုက်ကူးတင်ဆက်ခြင်းတောင်သူလယ်သမား အသိပညာပေး စိုက်ပျိုးရေးအစီအစဉ်များ ရိုက်ကူးတင်ဆက်ခြင်း