Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

တမာဆေးရည် 🌿 Neem Leave Spray

May, 8 2020

တမာဆေးရည် 🌿 Neem Leave Spray

လိုအပ်သော ပစ္စည်းများ
၁။ တမာရွက် - ၁ ပိဿာ
၂။ ဂျင်း - ၃၀ ကျပ်သား
၃။ စပါးလင် - ၃၀ ကျပ်သား
၄။ ရေ - ၅ ဂါလံ

🌿 ဆေးရည် ပြုလုပ်နည်း
- ပါဝင်ပစ္စည်းများဖြစ်သော တမာရွက် (၁) ပိဿာ၊ ဂျင်း (၃၀) ကျပ်သား နှင့် စပါးလင် (၃၀) ကျပ်သားတို့ကို ထောင်းထုပါ။
- ထိုအရောအနှောကို ရေ (၅) ဂါလံထဲသို့ ထည့်ပြီး သမအောင်မွှေပါ။
- ထို့နောက် အဝတ်ပါးစဖြင့် ဖုံးအုပ်ပြီး၊ အရိပ်ရသောနေရာ (သို့မဟုတ်) အေး သောနေရာတွင် ထားပါ။
- (၁၅) ရက်အကြာတွင် အသုံးပြုနိုင်ပါသည်။
- အသုံးပြုသည့်အခါ ဆေးဖျန်းပိုက်ခေါင်း မပိတ်စေရန် အဖတ်များကို ရေစစ် ဖြင့်စစ်၍ အသုံးပြုပါ။

🌿 ဆေးရည်နှုန်းထားအချိုး
- သီးနှံပင် စိုက်ပျိုးခါစတွင် ဆေးရည် (၁၀၀) စီစီနှင့် ရေ (၁) ဂါလံနှုန်း ရောစပ်၍ ဖျန်းပါ။
- (၂) ရက်ခြားတစ်ကြိမ် ဖျန်းနိုင်ပါသည်။
- သီးနှံပင် စိုက်ပျိုးပြီး (၇) ရက်သားတွင် ဆေးရည် (၂၀၀) စီစီနှင့် ရေ (၁) ဂါလံနှုန်း ရောစပ်၍ ဖျန်းပါ။
- ပိုးကျရောက်မှု အခြေအနေပေါ် မူတည်၍ ဆေးရည်အား အဆတိုးဖျန်းပါ။

🌿 ဆေးရည် ဖျန်းရန်အချိန်
- မနက် အစောပိုင်း (သို့မဟုတ်) ညနေ နေဝင်ချိန်

🌿 ဆေးရည် သိုလှောင်နိုင်သည့် ကာလ
- (၁) လ

မူရင်း- ဒေါက်တာမြတ်သိမ့်ကို၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် တမာပိုးနှင်ဆေးရည်ပြုလုပ်သုံးစွဲနည်း လမ်းညွှန်စာစောင်

Credit: Myat Thaint KoL Moon Lu ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု

တမာဆေးရည် 🌿 Neem Leave Sprayတမာဆေးရည် 🌿 Neem Leave Spray