Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးလိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန

April, 29 2020

ဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးလိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေးအတွက်အဆင့်မြင့် သုတေသနနှင့် နည်းပညာလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းမှုတိုးမြှင့်ပြီး သုတေသနရလဒ်ကောင်းများ ဖော်ဆောင်သွားရန်အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) နှင့် အကျိုးတူပူးပေါင်း၍ အဆင့်မြင့် စပါးသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) သည် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) နှင့်ပူးပေါင်းကာ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် ဇင့်အာဟာရဓါတ်ချို့တဲ့မှုကို ဖြေရှင်းနိုင်ရန်အတွက် ဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးများ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်း သုတေသနကို စပါးသီးနှံသုတေသနဌာနစု စိုက်ကွင်းတွင် ၂၀၁၇ ခုနှစ်၊ နွေရာသီမှ စတင်၍ သုတေသနပြုဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီတွင် ဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးများ မွေးမြူရွေးချယ်ခြင်းသုတေသနတွင် စပါးမျိုးလိုင်းသစ် (၁၄၄) မျိုးနှင့် စံထားမျိုး (၅) မျိုးတို့ကို Augmented Design အသုံးပြု၍သော်လည်းကောင်း၊ ဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးများ ဒုတိယအဆင့် အထွက်ယှဉ်ပြိုင်ခြင်း သုတေသနတွင် မျိုးလိုင်း (၂၄) မျိုးအား ထပ်ပြုကြိမ် (၃) ကြိမ်ဖြင့် အာစီဘီဒီဇိုင်း အသုံးပြု၍သော်လည်းကောင်း သုတေသနပြု စမ်းသပ်စိုက်ပျိုးထားပါသည်။

အဆိုပါ သုတေသနတွင် IRRI မှ Marker Assisted Breeding နည်းပညာဖြင့် သုတေသနပြု ရရှိလာသည့် ဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးများ အသုံးပြုထားခြင်းဖြစ်ပြီး၊ ယင်းသုတေသနမှ အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၍ ဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးလိုင်းသစ်များအား အဆင့်ဆင့်ရွေးချယ်သွားမည်ဖြစ်ကြောင်း သုတေသနမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

ဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးလိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးလိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးလိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနဇင့်ဓာတ်ကြွယ်ဝသော စပါးမျိုးလိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန