Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ဆီထွက်သီးနှံဗဟိုသုတေသနခြံ- မကွေး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း

August, 1 2020

ဆီထွက်သီးနှံဗဟိုသုတေသနခြံ- မကွေး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့သည် မြေပဲနှင့် နှမ်းသီးနှံအပါအဝင် ဆီထွက်သီးနှံများ အများဆုံးစိုက်ပျိုးသည့် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်သော မကွေးတိုင်းဒေသကြီးရှိ မကွေး ဆီထွက်သီးနှံဗဟိုသုတေသနခြံတွင် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁) ရက်နေ့၊ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

မကွေးစိုက်ပျိုးရေးသုတေသနခြံ၏ ဝန်ထမ်းရုံးခန်းတွင် သုတေသနပညာရှင်များ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် ရင်းနှီးစွာတွေ့ဆုံစဉ်အတွင်း သုတေသနလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်တိုးတက်ရေးအပါအဝင်၊ လိုအပ်သည့် အခြေခံအဆောက်အဦးများ၊ လုပ်ငန်းသုံးပစ္စည်းနှင့် စက်ကိရိယာများအား တက်နိုင်သမျှ ထောက်ပံ့ပေးလျက်ရှိရာ သုတေသန ဝန်ထမ်းများကလည်း စနစ်တကျ သိပ္ပံနည်းလမ်းကျစွာဖြင့် အကျိုးရှိစွာအသုံးပြု၍ သိပ္ပံနယ်ပယ်ထဲသို့ လျှောက်လမ်းရန်နှင့် ဗဟိုထိန်းချုပ်မှု လျော့ချသည့်စနစ်ကို ကျင့်သုံးလျက်ရှိခြင်းကြောင့် သုတေသနခြံများ၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် အကျိုးရှိမည့် သုတေသနရလဒ်ကောင်းများကို ကြိုးစားရှာဖွေဖော်ထုတ်ရန် ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်းမှကြားခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးစိုက်ပျိုးရေးသုတေသနခြံအတွင်း သုတေသနပြု စမ်းသပ်စိုက်ပျိုးထားသော နှမ်း၊ မြေပဲနှင့် ပဲတီစိမ်းသီးနှံ အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်များနှင့် မျိုးသန့်ထိန်းသိမ်းပွါးများခြင်း သုတေသနလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရာ ခြံတာဝန်ခံ ဒေါ်မော်မော်သီနှင့် သုတေသနပညာရှင်များက စမ်းသပ်ကွက်ဆောင်ရွက်ထားရှိမှုများအား လိုက်လံပြသခဲ့ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

ဆီထွက်သီးနှံဗဟိုသုတေသနခြံ- မကွေး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်းဆီထွက်သီးနှံဗဟိုသုတေသနခြံ- မကွေး၌ သုတေသနများဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း