Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ဆန်ပေါက်ပေါက် 🍿 Popped Rice 🍿 ဆန်ပေါက်ပေါက်မုန့် ပြုလုပ်ပုံအဆင့်ဆင့်

May, 23 2020

ဆန်ပေါက်ပေါက် 🍿 Popped Rice 🍿 ဆန်ပေါက်ပေါက်မုန့် ပြုလုပ်ပုံအဆင့်ဆင့်

ဆန်ပေါက်ပေါက်
🍿 Popped Rice

🍿 ဆန်ပေါက်ပေါက်မုန့် ပြုလုပ်ပုံအဆင့်ဆင့်

အဆင့် - ၁
- စပါးစေ့များကို ရေအနည်းငယ်ဖြင့် နှံ့စပ်အောင် ရောမွှေပြီး၊ အစိုဓာတ်စိမ့်ဝင်စေရန်နှင့် အစိုဓာတ်ထိန်းထားရန်အတွက် ဂုန်နီအိတ်ထဲတွင်ထည့်၍ တစ်ညအိပ်ခန့် ထားပါ။

အဆင့်- ၂
- အပူချိန် (၂၀၀) ဒီဂရီစင်တီဂရိတ်ထိ အပူပေးထားသော သဲပူနှင့်ရော၍ အဆက်မပြတ် နှံ့အောင်မွှေကာ လှော်ပါ။
- အချိန် စက္ကန့် (၂၀ မှ ၃၀) အကြာတွင် ဆန်ပေါက်ပေါက်များ ရရှိပါမည်။

အဆင့် - ၃
- ထို့နောက် ရရှိလာသော ဆန်ပေါက်ပေါက်များကို ဇကာဖြင့် ဆယ်ယူကာ ဇကာချ၍ သဲများ၊ စပါးခွံများကို ဖယ်ထုတ်ပါက သန့်စင်သော ဆန်ပေါက်ပေါက်ကို ရရှိမည်ဖြစ်ပါသည်။

အဆင့် - ၄
- ရရှိလာသော ဆန်ပေါက်ပေါက်ကို ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါသည်။

မူရင်း- စပါးဇီဝဥယျာဉ်သုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသော ဆန်ပေါက်ပေါက်မုန့် ပြုလုပ်ပုံအဆင့်ဆင့် (အစားအစာဆိုင်ရာ သုတေသန) ပညာပေးလက်ကမ်းစာစောင်

ဆန်ပေါက်ပေါက် 🍿 Popped Rice 🍿 ဆန်ပေါက်ပေါက်မုန့် ပြုလုပ်ပုံအဆင့်ဆင့်ဆန်ပေါက်ပေါက် 🍿 Popped Rice 🍿 ဆန်ပေါက်ပေါက်မုန့် ပြုလုပ်ပုံအဆင့်ဆင့်