Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ( T O T ) သင်တန်းကျင်းပ

August, 25 2020

စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ( T O T ) သင်တန်းကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပညာရှင်များပေါင်း၍ စွမ်းဆောင်ရည် မြှင့်တင်ရေး( T O T ) သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၅ ရက်၊ နံနက် (၉: ၃၀)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ က သင်တန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းသို့ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ သီးနှံတာဝန်ခံ များ မြို့နယ်(၁၄) မြို့နယ်မှ တောင်သူများနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနမှူး ဒေါ်မြတ်မြတ်နွယ်က ပဲမျိုးစုံ သီးနှံအထွက်ကောင်းစိုက်ပျိုးနည်းများကိုလည်းကောင်း ၊ ဒေါက်တာခင်သိန်းညွန့် က ပဲမျိုးစုံ သီးနှံတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများ၊ ‌ဒေါ်ဝင်းသီးတာဦးက ပေါင်းမြက်ပြဿနာများနှင့် အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်ရေး၊ ‌ဒေါက်တာသက်ရည်ခိုင်က သီးနှံများတွင် ကျရောက်တတ်သော ရောဂါများ၊ ဒေါက်တာထွေးမင်းသန့်က သဘာဝ မြေဩဇာ စနစ်တကျ ပြုလုပ်သုံးစွဲနည်းများကို အသီးသီးပို့ချခဲ့ပြီး၊ သင်တန်းတက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် သက်ဆိုင်ရာပညာရှင်များက ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

🎬 သတင်းမူရင်း
www.agri.com.mm/11871-2/

စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ( T O T ) သင်တန်းကျင်းပစိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ( T O T ) သင်တန်းကျင်းပစိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ( T O T ) သင်တန်းကျင်းပစိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ( T O T ) သင်တန်းကျင်းပ