Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်းခြင်း

April, 30 2020

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်းခြင်း

တစ်ကမ္ဘာလုံးရှိ နိုင်ငံများ ရင်ဆိုင်နေရသည့် ကမ္ဘာ့ကပ်ရောဂါ COVID- 19 စိန်ခေါ်မှုများအား COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဦးဆောင်၍ နေ့စဉ်စီမံဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ၊ လိုအပ်ချက်များအား တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ အဆိုပါ ဗဟိုကော်မတီသို့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါ အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာနွဲ့နွဲ့ယဉ်၊ သုတေသနမှူး ဒေါ်ဝင်းဝင်းသန်းတို့က တက်ရောက်၍ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေကျပ် (၂၅) သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းသောငွေသား (၂၅) သိန်း (ငွေကျပ် နှစ်ဆယ့်ငါးသိန်းတိတိ) သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ကာယ၊ ဉာဏဝန်ထမ်းမိသားစုများ၏ မျှဝေခြင်းအစီအစဉ်မှ ရရှိသည့် အလှူငွေကျပ် (၁၀) သိန်းနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရုံးချုပ်ရှိ သုတေသနဌာနစုများနှင့် နယ်သုတေသခြံ (၂၅) ခြံမှ ဝန်ထမ်းမိသားစုများ၏ ထည့်ဝင်လှူဒါန်းငွေကျပ် (၁၅) သိန်းအား စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်းခြင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်းခြင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်းခြင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်းခြင်း