Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

စပါးစိုက်ပျိုးနည်းစနစ်နှင့် ရေထိန်းစနစ်တို့ပေါ် မူတည်၍ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် လေ့လာခြင်းသုတေသန

May, 11 2020

စပါးစိုက်ပျိုးနည်းစနစ်နှင့် ရေထိန်းစနစ်တို့ပေါ် မူတည်၍ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် လေ့လာခြင်းသုတေသန

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေအသုံးချရေးသုတေသနဌာနစု တာဝန်ခံ ဒေါက်တာခင်မာဌေးနှင့် သုတေသနပညာရှင်များသည် သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့ပြီး၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မား၍ စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် သီးနှံပင်၊ ရာသီဥတု၊ စိုက်ပျိုးရေနှင့် မြေဆီလွှာတို့၏ ဆက်စပ်မှု၊ သီးနှံပင်များ၏ ရေလိုအပ်မှု၊ စိုက်ပျိုးရေ အရည်အသွေး၊ ရေချွေတာသုံးစွဲရေး၊ မြေဆီလွှာနှင့် ရေတိုက်စားမှုကာကွယ်ရေးတို့တွင် ခေတ်နှင့်လျော်ညီသော သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစရှိသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်လုပ်ကိုင်လျက်ရှိပါသည်။

အဆိုပါလုပ်ငန်းတာဝန်များမှ စပါးစိုက်ပျိုးနည်းစနစ်နှင့် ရေထိန်းစနစ်တို့ပေါ် မူတည်၍ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် လေ့လာခြင်းသုတေသနကို ဒေါ်စန္ဒာတိုး (သုတေသနလက်ထောက်- ၂)၊ ဦးသူရ (သုတေသနလက်ထောက်- ၃) နှင့် ဒေါ်ချောစု (သုတေသနလက်ထောက်-၄) တို့က တာဝန်ယူကာ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီတွင် စမ်းသပ်ကွက် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသုတေသနတွင် နွေစပါးအဖြစ် စိုက်ပျိုးရန် သင့်တော်သော သီးထပ်ရင်စပါးမျိုးအား အသုံးပြု စမ်းသပ်ထားခြင်းဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ်များမှာ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ် (DSR) နှင့် ရွှေ့ပြောင်းစိုက်ပျိုးနည်းစနစ် (TPR) တို့ဖြစ်ပြီး၊ ရေထိန်းနည်းစနစ်များမှာ တောင်သူသမားရိုးကျ ရေသွင်းနည်းစနစ် (CF) နှင့် ရေစိုတစ်လှည့် ခြောက်တစ်ခါ (AWD) ပေးသွင်းခြင်းနည်းစနစ်တို့အား သုတေသနပြုထားခြင်းဖြစ်ကာ Split Plot ဒီဇိုင်းအသုံးပြု ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

ယင်းသုတေသနမှ စိုက်ပျိုးရေ ရှားပါးလာသည်နှင့်အမျှ ရွှေ့ပြောင်းစိုက်ပျိုးနည်းစနစ် (TPR) အစား တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ် (DSR) ကို ပြန်လည်ကျင့်သုံးလာသည့်အတွက် စိုက်ပျိုးနည်းစနစ်တို့၏ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် အကျိုးသက်ရောက်မှုနှင့် အနာဂတ်တွင် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အမျိုးသားဖန်လုံအိမ်ဓာတ်ငွေ့ သိုလှောင်ရုံ (National GHG Inventories) ဆိုင်ရာ ထုတ်လွှတ်မှုစာရင်းတွက်ချက်မှုများတွင် အထောက်အကူပြုမည့် သုတေသနရလဒ်များ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေရှိခြင်း သုတေသနတစ်ခုအဖြစ် မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။

စပါးစိုက်ပျိုးနည်းစနစ်နှင့် ရေထိန်းစနစ်တို့ပေါ် မူတည်၍ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် လေ့လာခြင်းသုတေသနစပါးစိုက်ပျိုးနည်းစနစ်နှင့် ရေထိန်းစနစ်တို့ပေါ် မူတည်၍ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် လေ့လာခြင်းသုတေသနစပါးစိုက်ပျိုးနည်းစနစ်နှင့် ရေထိန်းစနစ်တို့ပေါ် မူတည်၍ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် လေ့လာခြင်းသုတေသနစပါးစိုက်ပျိုးနည်းစနစ်နှင့် ရေထိန်းစနစ်တို့ပေါ် မူတည်၍ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် လေ့လာခြင်းသုတေသနစပါးစိုက်ပျိုးနည်းစနစ်နှင့် ရေထိန်းစနစ်တို့ပေါ် မူတည်၍ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် လေ့လာခြင်းသုတေသနစပါးစိုက်ပျိုးနည်းစနစ်နှင့် ရေထိန်းစနစ်တို့ပေါ် မူတည်၍ ဖန်လုံအိမ်ဓာတ်ငွေ့ (GHGs) ထွက်ရှိမှုအပေါ် လေ့လာခြင်းသုတေသန