Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

စက်စက်ယိုတောင်သူပညာပေးစခန်းတွင် စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားခြင်း (နေပြည်တော်)

August, 25 2020

စက်စက်ယိုတောင်သူပညာပေးစခန်းတွင် စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားခြင်း (နေပြည်တော်)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပညာရှင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များပူးပေါင်း၍ စိုက်ပျိုးပညာပေးဝန်ထမ်းများနှင့် တောင်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက်ဖွင့်လှစ်ပို့ချသည့် စိုက်ပျိုးနည်းပညာပေးသင်တန်းကို နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုတောင်သူပညာပေးစခန်း၌ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွဲ့နွဲ့ယဉ်နှင့် သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းဦး၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မြမြလွင်၊ ဥတ္တရခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်နှင့် တာဝန်ရှိသူများ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇဗ္ဗူသီရိနှင့် ဒက္ခိဏသီရိ မြို့နယ်များမှ စိုက်ပျိုးပညာပေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြရာ၊ အခမ်းအနားတွင် နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့် သီးနှံပိုးမွှား၊ရောဂါကာကွယ်ရေးသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာနွဲ့နွဲ့ယဉ်က သင်တန်းတွင် သုတေသနပညာရှင်များမှ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များကျင့်သုံးရေး၊ စိုက်ပျိုးရေ အကျိုးရှိစွာအသုံးချရေး၊ သီးနှံစိုက်နည်းစနစ်နှင့် ကုန်ကျစရိတ်သက်သာမည့် သဘာဝမြေသြဇာ ပြုလုပ်နည်းများ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မိတ်ဆက်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ သင်တန်း၌ သြဂဲနစ်စိုက်ပျိုးနည်းများ အသုံးပြုစိုက်ပျိုးခြင်း၊ အာဟာရပြည့်ဝ၍ စားသုံးမှုလုံခြုံစိတ်ချရေးအတွက် ဥယျာဉ်ခြံသီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းများအား လက်ထောက်သုတေသနအရာရှိ ဒေါက်တာမြတ်သိမ့်ကိုကလည်းကောင်း၊ စပါးစိုက်ပျိုးရာတွင် ရေစိုတစ်လှည့် ခြောက်တစ်ခါ စိုက်ပျိုးနည်းစနစ် (AWD) နှင့် မိုးရေအကျိုးရှိစွာ အသုံးချနည်းစနစ် (Rain Water Harvesting) တို့အား လက်ထောက်သုတေသနအရာရှိ ဒေါက်တာအောင်ကျော်သူကလည်းကောင်း၊ အကျိုးအမြတ်အများဆုံး ရရှိမည့် သီးနှံ့ပုံစံ စိုက်ပျိုးနည်းစနစ်များနှင့် ပေါင်းကာကွယ်နှိမ်နင်းနည်းများအား သုတေသနလက်ထောက်- ၂ ဒေါ်တင်တင်ဝင်းကလည်းကောင်း၊ သဘာဝမြေသြဇာ လက်တွေ့ပြုလုပ်သုံးစွဲနည်းများအား တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဦးသာထွန်းကလည်းကောင်း အသီးသီး သင်ကြားပို့ချရာ၊ တောင်သူများက စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားကြကြောင်း သတင်းရရှိပါသည်။

🖼 ဓာတ်ပုံနှင့် သတင်းမှတ်တမ်း
သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန

စက်စက်ယိုတောင်သူပညာပေးစခန်းတွင် စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားခြင်း (နေပြည်တော်)စက်စက်ယိုတောင်သူပညာပေးစခန်းတွင် စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားခြင်း (နေပြည်တော်)စက်စက်ယိုတောင်သူပညာပေးစခန်းတွင် စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားခြင်း (နေပြည်တော်)စက်စက်ယိုတောင်သူပညာပေးစခန်းတွင် စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်သင်ကြားခြင်း (နေပြည်တော်)