Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCV) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရရှိစေရန် Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးမွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာခြင်း

January, 23 2020

ခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCV) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရရှိစေရန် Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးမွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း သည် ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့်ပန်းမန်သုတေသနဌာနစုရှိ ကွင်းအမှတ် (၁) တွင် စိုက်ပျိုးထားရှိသော ခရမ်းချဉ်သုတေသနလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရာ ဌာနစုတာဝန်ခံ ဒေါ်လုဘူ နှင့် သုတေသနပညာရှင်များက ခရမ်းချဉ်တွင်ကျရောက်သော အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ်ဒဏ်ခံနိုင်ရည်ရှိသောမျိုးများရှာဖွေဖော်ထုတ်ခြင်းသုတေသနလုပ်ငန်းများလုပ်ကိုင်နေမှုအခြေအနေအားရှင်းလင်း တင်ပြခဲ့ပါသည်။
ခရမ်းချဉ်သည် ဟင်းသီးဟင်းရွက်သီးနှံများတွင် ကမ္ဘာပေါ်၌ အာလူးသီးနှံပြီးလျှင် ဒုတိယစားသုံးမှုအများဆုံးသီးနှံဖြစ်ပါသည်။ကျန်းမာရေးအတွက်အာဟာရဓါတ်များပါဝင်သည့်အပြင် စားသုံးမှုပုံစံအမျိုးမျိုးဖြင့်လည်းစားသုံးနိုင်သောကြောင့်နေရာဒေသအနှံအပြားကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံဖြစ်ပါသည်။ အပူပိုင်း နှင့် အပူလျော့ပိုင်းဒေသများတွင် ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်မှုကို အဓိကအဟန့်အတားဖြစ်စေသော အကြောင်းအရာများအနက် Whitefly ( Bemisia tabaci ) ယင်ဖြူများကျရောက်ခြင်းမှ တဆင့် ဖြစ်ပွားသော ဗိုင်းရပ်စ်ရောဂါများသည် ခရမ်းချဉ်စိုက်တောင်သူများတွင် ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့ နေရသော ပြဿနာများဖြစ်ပါသည်။ ဗိုင်းရပ်စ်ရောဂါများအနက် Tomato Yellow Leaf Curl Virus (TYLCV) အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ်ရောဂါသည်အပင်ငယ်စဉ်ဖြစ်ပွားခဲ့လျှင်(၁၀၀)ရာခိုင်နှုန်းအထိဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိပါသည်။ ယနေ့အချိန်အခါတွင်လည်းမြန်မာနိုင်ငံရှိခရမ်းချဉ်စိုက်တောင်သူများတွင်လည်းမိုးနှောင်းရာသီမှာ အဆိုပါခရမ်းချဉ်ရောဂါသည် ဆိုးဝါးစွာကြုံတွေ့နေရပါသည်။ ထို့ကြောင့်ဒေသနှင့်ကိုက်ညီမှုရှိပီး အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ်ရောဂါဒဏ်ခံနိုင်ရည်ရှိသောမြန်မာ့ခရမ်းချဉ်မျိုးများရှာဖွေဖော်ထုတ်ရန်လိုအပ်လာသည့်အတွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစုတွင် Asian Vegetable Research and Development Center (AVRDC) မှရရှိသော ခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် ရောဂါ(TYLCV) ကို ခံနိုင်ရည်ရှိသည့် မျိုးလိုင်းများဖြစ်သော (AVTOV 1009) နှင့် (AVTOV 1008)မျိုးလိုင်းများနှင့် မြန်မာခရမ်းချဉ်မျိုးများဖြစ်သော ထိန်ကန်ကြီး၊ ပျဉ်းမနားယို နှင့် ကျောက်မဲခေါင်းစိမ်းမျိုး စသည့် တောင်သူများကြိုက်နှစ်သက်သည့် မျိုးများကိုရွေးချယ်၍ Conventional နည်းဖြင့်မျိုးကူးစပ်မွေးမြူခဲ့ပြီး ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့်သီးနှံကာကွယ်ရေးဌာနခွဲရှိဇီဝနည်းပညာဌာနစုနှင့်ပူးပေါင်းကာ Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးကူးစပ်မွေးမြူထားရှိခဲ့ပါသည်။ ၎င်းစမ်းသပ်ကွက်သည် မျိုးကူးစပ်မွေးမြူခြင်းမှရရှိခဲ့သော သားဆက် လိုင်း များ ဖြစ် ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကိုစမ်းသပ်ကွင်းထဲတွင်စမ်းသပ်စိုက်ပျိုးရွေးချယ်နေခြင်းအားရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါခရမ်းချဉ်သုတေသနလုပ်ငန်းသည် တောင်သူများရင်ဆိုင်ကြုံတွေ့နေရသည့် ခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် ရောဂါ(TYLCV)ကို ဆေးဖျန်းကာကွယ်ရသည့် အခြေအနေနှင့် ဆေးဖျန်းရာမှ ထွက်ပေါ်လာသည့် ပတ်ဝန်းကျင်ထိခိုက်စေနိုင်သည့် ဘေးထွက်ဆိုးကျိုးများကိုလည်း ကာကွယ်ပေးနိုင်သည့် အကျိုးရလာဒ်များမျှော်မှန်း၍သုတေသနပြုလုပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

ခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCV) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရရှိစေရန် Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးမွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာခြင်းခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCV) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရရှိစေရန် Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးမွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာခြင်းခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCV) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရရှိစေရန် Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးမွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာခြင်းခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCV) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရရှိစေရန် Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးမွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာခြင်းခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCV) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရရှိစေရန် Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးမွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာခြင်းခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCV) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရရှိစေရန် Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးမွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာခြင်းခရမ်းချဉ် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCV) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများရရှိစေရန် Marker Assisted Selection နည်းပညာကို အသုံးပြု၍ မျိုးမွေးမြူရွေးချယ်ခြင်းလုပ်ငန်းများ ကြည့်ရှုလေ့လာခြင်း