Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ကြက်ဥအားဆေးရည် ပြုလုပ်နည်း Egg Nutrijuice

April, 23 2020

ကြက်ဥအားဆေးရည် ပြုလုပ်နည်း Egg Nutrijuice

 လိုအပ်သောပစ္စည်းများ
၁။ ကြက်ဥ - ၁၆ လုံး မှ ၂၀ လုံး
၂။ အက်တီနိုမိုင်းစီး - ၁ လီတာ
၃။ တင်လဲရည် - ၁ လီတာ
၄။ အုန်းသီးနု - ၂ လုံး
၅။ တစေးအမှုန့် - ၂ ဇွန်း

 အားဆေးရည် ပြုလုပ်နည်း
ပါဝင်ပစ္စည်းများဖြစ်သော ကြက်ဥ အလုံး (၂၀) ၏ အကာနှင့် အနှစ်၊ အက်တီနိုမိုင်းစီး (၁) လီတာ၊ တင်လဲရည် (၁) လီတာ၊ အုန်းသီး (၂) လုံး၏ အရည်နှင့် တစေးအမှုန့် ထမင်းစားဇွန်း (၂) ဇွန်းတို့အား ပုံးထဲသို့ ထည့်၍ သမအောင်မွှေပါ။ ယင်းနောက် အဖုံးလုံအောင်ပိတ်၍ တစ်လထားပါ။ ထို့နောက် ပုလင်းငယ်များနှင့် ထည့်၍ အသင့်အသုံးပြုနိုင်ပါသည်။

 အားဆေးရည် နှုန်းထားအချိုး
- သီးနှံပင် စိုက်ပျိုးခါစတွင် ဆေးရည် (၃၀) စီစီနှင့် ရေ (၁) ဂါလံနှုန်း ရောစပ်၍ ဖျန်းပါ။
- (၂) ရက်ခြားတစ်ကြိမ် ဖျန်းနိုင်ပါသည်။
- သီးနှံပင် စိုက်ပျိုးပြီး (၇) ရက်သားတွင် ဆေးရည် (၆၀) စီစီနှင့် ရေ (၁) ဂါလံနှုန်း ရောစပ်၍ ဖျန်းပါ။
- သီးနှံပင်၏ အခြေအနေပေါ် မူတည်၍ ဆေးရည်အား အဆတိုးဖျန်းပါ။

 အားဆေးရည် ဖျန်းရန်အချိန်
- မနက်ပိုင်းအချိန်

 အားဆေးရည် သိုလှောင်နိုင်သည့် ကာလ
- (၃) လ

မူရင်း - ဒေါက်တာမြတ်သိမ့်ကို၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် ကြက်ဥအားဆေးရည်ပြုလုပ်သုံးစွဲနည်း လမ်းညွှန်စာစောင်

Credit: Myat Thaint Ko L Moon Lu၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစု

ကြက်ဥအားဆေးရည် ပြုလုပ်နည်း Egg Nutrijuiceကြက်ဥအားဆေးရည် ပြုလုပ်နည်း Egg Nutrijuice