Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ကောက်စိုက်စက် (Minoru RX 61) အသုံးပြု၍ စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနား

January, 27 2020

ကောက်စိုက်စက် (Minoru RX 61) အသုံးပြု၍ စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနား

ကောက်စိုက်စက် (Minoru RX 61) အသုံးပြု၍ စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန္နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၈) အချိန်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ၊ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန် (သမဝါယမကဏ္ဍ) ဦးကျော်ငွေ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သုတေသနပညာရှင်များ၊ တာဝန်ရှိသူများနှင့် တောင်သူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနစိုက်ကွင်း၌ Minoru RX 61 ကောက်စိုက်စက်ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြသနေမှုကို ကြည့်ရှုရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ရေမြေဒေသနှင့်ကိုက်ညီပြီး၊ ရောဂါဒဏ် ခံနိုင်ရည်ရှိသည့် အထွက်ကောင်း စပါးမျိုးသစ်များ မွေးမြူထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြရာ၊ ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေသော စပါးမျိုးသစ်များ မွေးမြူထုတ်လုပ်ရန်နှင့် စိုက်ပျိုးမြေဆီလွှာ ထိန်းသိမ်းနည်းစနစ်များကို သုတေသနပြု၍ တောင်သူလယ်သမားများ လိုက်နာကျင့်သုံးနိုင်သည့် လက်တွေ့အသုံးချနည်းပညာများဖြန့်ဝေရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၂၀၁၈- ၂၀၁၉ ခုနှစ်အတွင်း သုတေသနပြု ရရှိထားသော မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (NSC) တွင် မှတ်ပုံတင်ပြီးဖြစ်သော စပါးမျိုးသစ် (၇) မျိုးဖြစ်သည့် YIR- ၁၄၊ YRR- ၁၂၊ YAR- ၀၇၊ YAR- ၁၄၊ YYR- ၀၉၊ YQR- ၁၁ နှင့် YQR- ၁၂ စပါးမျိုးတို့အား Minoru RX 61 ကောက်စိုက်စက် အသုံးပြု၍ SRI နည်းစနစ်ဖြင့် ပင်ကြားနှင့် တန်းကြားအကွာအဝေး (၈ လက္မ နှင့် ၁၂ လက္မ) ဖြင့် လက်တွေ့ စိုက်ပျိုးပြသခဲ့ခြင်း ဖြစ်ပါသည်။ စပါးမျိုးသစ် (၇) မျိုးအနက် YIR- ၁၄ နှင့် YRR-၁၂ မျိုးတို့မှာ ဆည်ရေ၊ သွင်းရေရရှိသော ဒေသများတွင် နွေနှင့် မိုး နှစ်ရာသီလုံးတွင် စိုက်ပျိုးရန် သင့်တော်သည့် စပါးမျိုးများဖြစ်ပြီး၊ YAR- ၀၇ နှင့် YAR- ၁၄ စပါးမျိုးများမှာ ဆည်ရေ၊ သွင်းရေ လုံလောက်မှု မရှိသော ဒေသနှင့် မြစ်ရေတင်ဒေသများတွင် နွေစပါးနှင့် မိုးစပါးအဖြစ် စိုက်ပျိုးနိုင်သည့် စပါးမျိုးသစ်များ ဖြစ်ပါသည်။ YYR- ၀၉ စပါးမျိုးသည် ရေကြီးကွင်းဒေသများတွင် စိုက်ပျိုးရန်သင့်တော်၍ ရေအတက် (၁ ပေခွဲ မှ ၂ ပေ) ခန့်အထိ ရေနေဒဏ်ခံနိုင်ပြီး၊ ရေမြုပ်ဒဏ် အသင့်အတင့်ခံနိုင်သည့် မျိုးသစ်ဖြစ်ပါသည်။ YQR- ၁၁ နှင့် YQR- ၁၂ စပါးမျိုးများမှာ အရည်အသွေးကောင်း စပါးမျိုးများဖြစ်ပြီး၊ ဆည်ရေရရှိသော ဒေသများတွင် နွေနှင့် မိုးစပါးများအဖြစ် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မျိုးသစ်များဖြစ်ကြောင်း သတင်းမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။

ကောက်စိုက်စက် (Minoru RX 61) အသုံးပြု၍ စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနားကောက်စိုက်စက် (Minoru RX 61) အသုံးပြု၍ စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနားကောက်စိုက်စက် (Minoru RX 61) အသုံးပြု၍ စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနားကောက်စိုက်စက် (Minoru RX 61) အသုံးပြု၍ စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ် (SRI) ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနား