Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

ကိုဗစ်- ၁၉ ကာလ မျိုးစေ့အခက်အခဲအား ဖြေရှင်းနိုင်ရေးအတွက် မိဘစပါးမျိုးများ စိုက်ပျိုးထားခြင်းသုတေသန

November, 14 2020

ကိုဗစ်- ၁၉ ကာလ မျိုးစေ့အခက်အခဲအား ဖြေရှင်းနိုင်ရေးအတွက် မိဘစပါးမျိုးများ စိုက်ပျိုးထားခြင်းသုတေသန
စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် သုတေသနများအား သိပ္ပံ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများဖြင့် ဆောင်ရွက်လျက်ရှိရာ၊ ယခုကဲ့သို့ ကမ္ဘာအဝှမ်း ဖြစ်ပေါ်နေသည့် ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် အခက်အခဲကြုံတွေ့နေရချိန်တွင် စိုက်ပျိုးထုတ်လုပ်သူများနှင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့် ရရှိမှု အခက်အခဲမှ ကျော်လွှားနိုင်ရေးအတွက် ရည်ရွယ်လျက် စပါးမျိုးကောင်း မျိုးသန့် မိဘစပါးမျိုးများ သုတေသနပြု စိုက်ပျိုးထားလျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ စပါးစိုက်တောင်သူအများစု အဓိက စိုက်ပျိုးလျက်ရှိသော စပါးမျိုး (၁၁) မျိုးဖြစ်သည့် ရွှေသွယ်ရင်၊ ဆင်းဧကရီ-၃၊ ကျော်ဇေယျ၊ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ရွှေရင်အေး၊ ပေါ်ဆန်းရင် နှင့် ပေါ်ဆန်းဘေးကြား စပါးတို့၏ မိဘစပါးမျိုး (BS) အား စနစ်တကျ သုတေသနပြု စိုက်ပျိုးခဲ့ရာ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ရိတ်သိမ်းခြွေ့လှေ့ခြင်းများ ဆောင်ရွက်ခဲ့ခြင်းအား ညွှန်ကြားရေးမှူးချုပ်က ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် အဆိုပါ ရိတ်သိမ်းရရှိသော စပါးမျိုး (၁၁) မျိုး၏ မိဘစပါးမျိုးစေ့ (BS) များကို စိုက်ပျိုးရေးဦးစီးဌာန၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မျိုးစေ့ထုတ်ခြံများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး၊ စိုက်ပျိုးရေးဦးစီးဌာနရှိ စိုက်ပျိုးရေးပညာပေး တာဝန်ခံများ၊ မန်နေဂျာများနှင့် ဝန်ထမ်းများက ဆင့်ပွါးမျိုးစေ့ (FS) အဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မျိုးသန့်မျိုးပွါးမျိုးစေ့ (RS) အဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ စိုက်ဧကပေါင်း (၃) သိန်းကျော် စိုက်ပျိုးနိုင်သည်အထိ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖြန့်ဝေနိုင်မည်ဖြစ်သောကြောင့် စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ကိုဗစ်- ၁၉ ကာလ အတွင်း ရင်ဆိုင်ကြုံတွေ့ရမည့် မျိုးစေ့အခက်အခဲအားဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိခြင်းအား မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။
ကိုဗစ်- ၁၉ ကာလ မျိုးစေ့အခက်အခဲအား ဖြေရှင်းနိုင်ရေးအတွက် မိဘစပါးမျိုးများ စိုက်ပျိုးထားခြင်းသုတေသနကိုဗစ်- ၁၉ ကာလ မျိုးစေ့အခက်အခဲအား ဖြေရှင်းနိုင်ရေးအတွက် မိဘစပါးမျိုးများ စိုက်ပျိုးထားခြင်းသုတေသန