Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဖလား ဌာနပေါင်းစုံ ဘောလုံး အားကစား ပြိုင်ပွဲ ကျင်းပ

December, 29 2021

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဖလား ဌာနပေါင်းစုံ ဘောလုံး အားကစား ပြိုင်ပွဲ ကျင်းပ
Lights
 
Lights
 
Nature
 
Fjords
 
Fjords
 
Fjords
 
Fjords
 
Fjords
 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဒီဇင်ဘာလ (၂၈) ရက်နေ့ က နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ စိုက်ပျိုးရေးသုတေသန ဉီးစီးဌာန ရုံးချုပ်ရှိ ဘောလုံးအားကစားကွင်း၌ အိမ်ရှင် အဖြစ် လက်ခံကျင်းပပြုလုပ်ရာ အခမ်းအနား တွင် ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။
     ရှေးဦးစွာ ဒုတိယ ဝန်ကြီး က အဖွင့်အမှာစကား ပြောကြားရာ၌ ယခင်နှစ်က မိမိတို့ နိုင်ငံအပါအဝင် ကမ္ဘာ့ တဝှမ်းတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် လူအားလုံး  Home stay ဖြင့်နေထိုင်ခြင်း၊ အသွားအလာကန့်သတ် ခြင်းများဖြင့် ယှဉ်တွဲနေထိုင်ခဲ့ရခြင်းကြောင့် စိတ်ဓာတ် ကျဆင်း၍ မရွှင်မလန်း ဖြတ်သန်းခဲ့ရပါကြောင်း၊ ယခုအချိန် ပြည်သူအများ၏ စည်းကမ်းလိုက်နာမှုကြောင့် ကိုဗစ်ရောဂါ လျော့ကျလာချိန်တွင် မိမိတို့ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ကျန်းမာပျော်ရွှင်စေရန် အားကစား ပြိုင်ပွဲများကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း ၊ ဝန်ကြီးဌာန၏အားကစားကော်မတီကို စက်တင်ဘာလထဲက ဖွဲ့စည်းထားနိုင်ခဲ့ပါကြောင်း၊ ယခုဒီဇင်ဘာ လဆန်းတွင် ဝန်ကြီးဌာနအနေဖြင့် ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ ဖူဆယ်၊ ဂေါက်ရိုက် ပြိုင်ပွဲများ ကျင်းပနိုင်ခဲ့ ပါကြောင်း၊ ရောဂ၊ ရေကူး၊ ဘိလိ ယက် ပြိုင်ပွဲများ ကိုလည်း ဆက်လက် ကျင်းပ သွားမှာ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိကိုယ်ကိုကျန်းမာအောင်နေထိုင်ဖို့၊ ကြံ့ခိုင်အောင်လေ့ကျင့်ဖို့လိုအပ်ပါကြောင်း၊ ယခုလိုအားကစား လုပ်ဆောင်သည့် အခါတွင် စည်းလုံးညီညွတ်မှု၊ ချစ်ခင်မှု၊  အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်မှု၊  အပေးအယူ မျှတမှု ဟူသည့်အားကစားသမားကောင်းစိတ်ဓာတ်များ ရရှိလာမှာ ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်သည့် အခါမှာလည်း လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်ဖြင့် ၊ မှန်ကန် သော ယှဉ ပြိုင်ခြင်းဖြင့် အနှစ်သာရ ရှိရှိ ယှဉ်ပြိုင်သွားရန်လိုအပ်ပါကြောင်း  ပြောကြားသည်။
    အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ စိုက်ပျိုးရေး သုတေသနဉီးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးဉီးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချ စီမံခန့်ခွဲရေးဉီးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာန၊ မွေးမြူရေး နှင့်ကုသရေးဌာန၊  စက်မှုလယ်ယာဉီးစီးဌာန၊ ငါးလုပ်ငန်းဉီးစီးဌာန၊ ဝန်ကြီးရုံး၊ မွေးမြူရေး နှင့်ဆေးကုသရေး တက္ကသိုလ်၊ စီမံကိန်းဉီးစီးဌာနတို့မှ ညွှန်ကြားရေးနမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ နှင့် အားကစား သမားများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖလား ဌာန ပေါင်းစုံ ဘောလုံး အားကစား ပြိုင်ပွဲ၏ ပထမ ပွဲစဉ်ကစားမည့် စိုက်ပျိုးရေးသုတေသနဉီးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဉီးစီးဌာနတို့၏ ပွဲစဉ်အား ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မှ  ‌ဘောလုံးကို ကန်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဉီးစီးဌာန