Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ သုတေသနစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်း

October, 27 2019

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ သုတေသနစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးလှကျော်နှင့်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ သီးနှံစိုက်ပျိုးရေးစနစ် သုတေသနဌာနစုရှိ စပါးမျိုးစေ့ထုတ် စိုက်ခင်း၌ ကောက်စိုက်စက်ကို အသုံးပြု၍ စိုက်ပျိုးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်မှု ၊ အချိန် နှင့် မျိုးစေ့ကုန်ကျမှု သက်သာခြင်းတို့ကြောင့် မျိုးစေ့ထုတ် တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လက်ခံကျင့်သုံးနိုင်ရေးအတွက် သုတေသနပြု ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အလားတူ စပါးသီးနှံ သုတေသနဌာနစုတွင် သုတေသနပြု ဆောင်ရွက်ထားရှိသည့် စပါးမျိုးမွေးမြူရွေးချယ်ခြင်း စမ်းသပ်ကွက်များအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဗီဇအချက်အလက် နည်းပညာများကို အသုံးပြုပြီး၊ မြန်မာနိုင်ငံ၏ ဆန်စပါး မျိုးမွေးမြူ ရွေးချယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်း၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိ သုတေသနပညာရှင်က ပေါ်ဆန်းမွှေး၊ အင်းမရဲဘော်၊ မုဆိုးမကြွေးကြေ အစရှိသော မြန်မာစပါးမျိုးများအား သက်တမ်းတို၊ အထွက်ကောင်းကာ ပိုးမွှားရောဂါဒဏ်ခံနိုင်သော ဗီဇများထည့်သွင်း၍ မျိုးကူးစပ် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

?ဓါတ်ပုံမှတ်တမ်း
ဦးသက်ကိုကိုလွင်

?ဗီဒီယိုမှတ်တမ်း
ဦးနိုင်လင်း

?သတင်းမှတ်တမ်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR-ရေဆင်း)

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ သုတေသနစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ သုတေသနစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ သုတေသနစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ သုတေသနစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်း