Department of Agricultural Research

Department of Agricultural Research

Yezin, Nay Pyi Taw

စပ်မျိုးနေကြာ သုတေသနစမ်းသပ်ကွက်များအား ကွင်းဆင်းစစ်ဆေးခြင်း

January, 15 2020

စပ်မျိုးနေကြာ သုတေသနစမ်းသပ်ကွက်များအား ကွင်းဆင်းစစ်ဆေးခြင်း

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းသည် ဆီထွက်သီးနှံ သုတေသနဌာနစု၌ စပ်မျိုးနေကြာ သုတေသန စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးရာ၊ ဌာနစုတာဝန်ခံ ဒေါက်တာခင်မျိုးဝင်း၊ နေကြာသီးနှံ သုတေသနပညာရှင် ဒေါ်နန်းပပဝင်းနှင့် သုတေသနပညာရှင်များက စပ်မျိုးနေကြာ သုတေသနအနေဖြင့် စမ်းသပ်စပ်မျိုးများ အထွက်ယှဉ်ပြိုင်ခြင်း၊ အလားအလာကောင်းသော စပ်မျိုးနေကြာ အမလိုင်းများ၊ အဖိုလိုင်းများ မျိုးကူးစပ် မွေးမြူရွေးချယ်ခြင်း၊ စမ်းသပ်စပ်မျိုး ထုတ်လုပ်ခြင်း၊ သန္ဓေသန့်လိုင်းများ မွေးမြူရွေးချယ်ခြင်း၊ အမလိုင်း (A Line) များ မွေးမြူရွေးချယ်ခြင်းနှင့် အဖိုလိုင်း (R Line) များ မွေးမြူရွေးချယ်ခြင်း စသော သုတေသနများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ပါသည်။

နေကြာသီးနှံ သုတေသနများအား ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားရေးမှူးချုပ်က စမ်းသပ်စပ်မျိုးနေကြာ အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း သုတေသနမှ စပ်မျိုးနေကြာ မျိုးသစ် ထုတ်လုပ်ရန်အတွက် အလားအလာကောင်းသော မျိုးများ၏ အခြေအနေကို ကြည့်ရှု့စစ်ဆေး၍၊ လာမည့်နှစ်များတွင် စပ်မျိုးနေကြာ (၃) မျိုးသစ် ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် သုတေသနများ ဆက်လက်ဆောင်ရွက်ရန်၊ မျိုးသစ်များ၏ အရည်အချင်းနှင့် အရည်အသွေးများ (ဥပမာ- အပွင့်အချင်း၊ အထွက်နှုန်း၊ ဆီထွက်ရာခိုင်နှုန်း) စစ်ဆေးရန်အတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး၊ ဆီထွက်သီးနှံ သုတေသနပညာရှင်များအနေဖြင့် တောင်သူများ၏ လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီ၍ အရည်အသွေးနှင့် အထွက်ကောင်း ဆီထွက်သီးနှံမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များ ရှာဖွေဖော်ထုတ်ရေးအတွက် သုတေသနလုပ်ငန်းများ အစဉ်ကြိုးပမ်းဆောင်ရွက်ရန် အားပေးတိုက်တွန်းခဲ့ပါသည်။

ဆီထွက်သီးနှံသုတေသနဌာနစုမှ သုတေသနပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှု သုတေသနရလဒ်အနေဖြင့် ဆင်းပဒေသာ မြေပဲမျိုး (၁၁) မျိုး၊ ဆင်းရတနာနှမ်းမျိုး (၈) မျိုး၊ ဆင်းရွှေကြာ နေကြာမျိုး (၂) မျိုး၊ စပ်မျိုးနေကြာ (၂) မျိုး၊ ဆင်းပန်းနှမ်းမျိုး (၁) မျိုးနှင့် ဆင်းဆူးပန်းမျိုး (၁) မျိုးအား ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

စပ်မျိုးနေကြာ သုတေသနစမ်းသပ်ကွက်များအား ကွင်းဆင်းစစ်ဆေးခြင်းစပ်မျိုးနေကြာ သုတေသနစမ်းသပ်ကွက်များအား ကွင်းဆင်းစစ်ဆေးခြင်းစပ်မျိုးနေကြာ သုတေသနစမ်းသပ်ကွက်များအား ကွင်းဆင်းစစ်ဆေးခြင်းစပ်မျိုးနေကြာ သုတေသနစမ်းသပ်ကွက်များအား ကွင်းဆင်းစစ်ဆေးခြင်း